ကျောက်တော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး



MNP ၊ အောက်တိုဘာ  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် များအသင်းမှ ယနေ့နံနက်ပိုင်းက  မြို့သစ်ရပ်ကွက် သိမ်ပြင်ကျောင်းရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်ဦးဆောင်၍ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့က စားအုံးဆီများကို ပေါက်ဈေးထက် သက်သာသော ဈေးနှုန်းဖြင့် စားအုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၅၀၀ဝ နှုန်းဖြင့် မြု့သစ်ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများအား  အိမ်ထောင်စုတစ်စုလျှင်  တစ်ပိဿာနှုန်းဖြင့် စားအုံးဆီ ၈၀၀ ပိဿာကို ရောင်းချပေးလျက်ရှိပြီး ပြည်သူများ စားအုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်အသီးသီးသို့ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်‌ကြောင်း ကျောက်တော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။


ခင်မောင်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)