MNP ၊ အောက်တိုဘာ ၉
ပျော်ဘွယ်မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုနေသည့် စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများက “လူငယ်များ၏မိုးကောင်းကင်” စာအုပ်ပါအကြောင်းအရာများအနက်မှ စာရေးဆရာမ နန်းမိုခမ်းရေးသားသည် “အင်တာနက်ကို အကျိုးရှိအောင်သုံးကြမယ်” အကြောင်းအရာကိုဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာမသည် အင်တာနက် (သို့မဟုတ်) ဆိုရှယ်မီဒီသုံးစွဲရာတွင် လူတိုင်း လိုက်နာသတိထားရမည့် အချက်များကို ဖော်ပြပေးထားခြင်းဖြစ်ပါကြောင်း၊ အင်တာနက်သုံးစွဲခြင်းသည် ကောင်းသော အတုယူစရာများရှိသလို ထိခိုက်မှုရှိသည့်အကြောင်းအရာများကို အတွေ့အကြုံများနှင့်နှိုင်းယှဉ်၍ ပညာပေးထားသော စာအုပ်ဖြစ်ပါကြောင်း၊ မိမိတို့သည်လည်း ခေတ်ရေစီးအကြောင်းအရ အင်တာနက်သုံးစွဲရခြင်းများ ရှိလာသောကြောင့် မိမိကိုယ်မိမိကာကွယ်နိုင်ရန် ဗဟုသုတများစွာပေးသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်းတို့ကို အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
မင်းမင်းထွေး
https://t.me/MyanmarNationalPost
No comments:
Post a Comment