ပဲခူးမြို့ ရေဘေးသင့်ပြည်သူများထံ ပြည်ခိုင်ဖြိုးပါတီမှ ထမင်းထုပ်များ လိုက်လံလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့ ရေဘေးသင့်ပြည်သူများထံ ပြည်ခိုင်ဖြိုးပါတီမှ ထမင်းထုပ်များ လိုက်လံလှူဒါန်း





MNP ၊ အောက်တိုဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ပဲခူးတိုင်းဒေသကြီး တိုင်းပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း၏ ကွင်းဆင်းဦးဆောင်မှုနှင့်အတူ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်ပါတီဝင်များ ပူးပေါင်း၍ ပဲခူးမြိုနယ်အတွင်း ရေကြီးနစ်မြှပ်နေသော ကျောက်ကြီးစုရပ်ကွက်ရှိ ပြည်သူများအတွက် စားသောက်ရေး အဆင်ပြေစေရန် အသင့်စားသုံးနိုင်သော ထမင်းဗူး (၁၄၀) အား အောက်တိုဘာလ ၈ ရက်နေ့ ည ၇ နာရီခွဲခန့်က အိမ်အရောက်သွားရောက်၍ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။ 

ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်ကို ကျော်လွန်၍ ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ရေဘေးသင့် ပြည်သူများအား တိုင်းဒေသကြီးအစိုးရအစီအစဉ်အဖြင့် ရေဘေးရှောင်စခန်းများ ဖွင့်လှစ်ပေးထားပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တပ်မတော်သားများက ဦးဆောင်လုပ်ကိုင်လျက်ရှိသည်။

ပဲခူးတိုင်းဒသေကြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရေနစ်မြုပ်နေသော စာသင်တိုက်များသို့ ဆန်၊ ဆီ သွားရောက်လှူဒါန်းခြင်း၊ ရေဘေးသင့်ပြည်သူများထံ ထမင်းထုပ်များ လိုက်လံလှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)