ကျိုက်ထိုမြို့နယ်တွင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝး ကျင်းပ




MNP ၊ အောက်တိုဘာ   ၁၂

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားပွဲတော်ဖွင့်ပွဲ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းလုပ်ငန်းအစည်းအဝးကို အောက်တိုဘာ (၁၂)ရက် နံနက်(၁၀) နာရီ တွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


     အစည်အဝေးတွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ  ဦးကျော်နိုင််ထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းစိုးမှ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ပွဲ‌တော်ဖွင့်ပွဲအား သီတင်း ကျွတ်လပြည့် နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဘုရားပွဲတော် ဖွင့်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျိုက်ထီးရိုးဂေါပကအဖွဲ့၊တောင်တက်မော်တော် ယာဉ်အသင်း၊ဈေးသူ၊ဈေးသားများ၊ဟိုတယ်၊တည်းခိုခန်း လုပ်ငန်းရှင်များမှသက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ တောင်တက်မော်တော် ယာဉ်များ ကြံခိုင်မှုရှိစေရေး၊ တောင်တက်လမ်းတစ်လျှောက် သစ်ပင်ခြုံနွယ်များ ရှင်းလင်းစေရေး၊ ဘုရားဖူးလာ ပြည်သူများစိတ်အေးချမ်းသာယာစွာဖူးမြှော်နိုင်ရေး၊ မိလ္လာနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်စေရေးတို့ကို ဝိုင်းဝန်းပူးပေါင်းစေလိုကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။


ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်  ဗိုလ်မှူးပြည်ထွန်းက လုံခြုံရေးဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီးတက်ရောက်လာကြ‌သူများမှ ဆံ‌တော်ရှင်ကျိုက်ထီးရိုးစေတီတော် ပွဲတော်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပပြုနိုင်ရေးဝိုင်းဝန်းဆွေးနွေကြကြောင်းသိရသည်။


အဆိုပါ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ပွဲတော်ကာလမှာ သီတင်းကျွတ်လပြည့်နေ့မှကဆုန်လပြည့်နေ့ထိကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)