ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး





MNP ၊ အောက်တိုဘာ   ၁၂

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက်သဝင်ချောင်းကျေးရွာတွင် ယနေ့ နံနက်ပိုင်းတွင်  ရောင်းချပေးသည်။


ထိုသို့ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးကျော်သိန်းအောင် ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတို့က စားအုံးဆီများကို ကာလပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၅၂၀၀ ကျပ်နှုန်းနှင့်အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ယနေ့တွင်သဝင်ချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား စားအုံးဆီ ၅၅၀ ပိဿာကို သက်သာသောဈေးနှုန်ဖြင့် ရောင်းချပေးသည်။


ပေါက်တောမြို့နယ် ရှိပြည်သူများအားစားအုံးများဆီကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ယခုလအတွင်း စားအုံးဆီပိဿာ ၂၇၅၀ ပိဿာကို ရောင်းချပေးရန်လျာထားပြီး၊ ယနေ့အထိ စားအုံးဆီ ၂၇၅၀ ပိိဿာကို ရောင်းချပေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။ 


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)