MNP ၊ အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ အသိ ပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ပြင်ဈေးရပ်ကွက် အ.ထ.က(ခွဲ) (အ.လ.က-၁) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကျော်ဇော်ဝင်း က "သစ်တောပြုန်းတီးခြင်းနှင့်ဇီဝမျိုးတုန်းပျောက်ကွယ်ခြင်း" အကြောင်းကိုဟောပြောရာ သစ်ပင် များ ခုတ်လဲခြင်း၊ လယ်ယာမြေများဖော်ဆောင်ရန် ရှင်းလင်းခြင်း၊ မြို့ပြနှင့် အဆောက်အအုံဖွံ့ ဖြိုးတိုးတက်ရေး(သို့မဟုတ်) သတ္တုတူးဖော်ခြင်းများအတွက် သစ်ပင်များ ခုတ်ထွင်ရှင်းလင်း၍ သစ်တောပြုန်းတီးမှုများဖြစ်ပေါ်စေခြင်းတို့အတွက် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ နေထိုင်ရာပတ်ဝန်းကျင်တွင် သစ်ပင်များစိုက်ပျိုးကြရန် နှင့် ဇီဝမျိုးတုန်းခြင်းကြောင့် ကုန်းမြေ၊ ပင်လယ်နှင့်အခြားရေဂေဟစနစ်များ၊ ပတ်ဝန်းကျင်ယိုယွင်းခြင်း ၊ရာသီဥတု ပြောင်းလဲခြင်းတို့ကို လူတစ်ဦးတစ်ယောက် ၊အဖွဲ့အစည်းတစ်ခု ၊ နိုင်ငံတစ်နိုင်ငံ မှ ဖြေရှင်းနိုင်မည်မဟုတ်၍ အဆိုပါ ပြဿနာကို ကမ္ဘာပေါ်ရှိလူသားတိုင်းမှ အတူလက်တွဲပြီး အောင်မြင်ကျော်လွှားနိုင်ရန်အတွက် အသိပညာပေး အကြောင်းအရာများကို ပြောကြားခဲ့သည်။
ထို့နောက် အသိပညာဟောပြောပွဲသို့ ကျောင်းသား၊ကျောင်းသူ (၁၂၀) ဦးခန့်တက်ရောက် ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်တတ်ခြင်း၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းတတ်စေရန်အတွက် အသိပညာပေးဟောပြောခြင်း ၊ လက် ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment