MNP ၊ အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့် လှစ်သည့် အခမ်းအနားမှူးသင်တန်း(၁/၂၀၂၃) လက်တွေ့ဆန်းစစ်ခြင်းများကို ယနေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးနှင့် သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ ခရိုင်ထွေ/အုပ်ဝန်ထမ်းများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
ထိုသို့ လက်တွေ့ဆန်းစစ်ခြင်းများဆောင်ရွက်ရာတွင် ခရိုင်ထွေ/အုပ်ဝန်ထမ်းများဖြစ်သည့် အကြီးတန်းစာရေး(၉)ဦး၊ အငယ်တန်းစာရေး (၅)ဦး၊ စုစုပေါင်း(၁၄) ဦးနှင့် ခရိုင်ရဲတပ်ဖွဲ့ဝင်များဖြစ်သည့် ရဲမေ (၈)ဦးတို့က အခမ်းနားမှူးများသိရှိလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များနှင့် အခမ်းအနား အစီအစဉ်များကို တစ်ဦးချင်းလက်တွေ့သရုပ်ပြဖတ်ကြားရာ ဆန်းစစ်အကဲဖြတ်အမှတ်ပေးဒိုင်များက ၎င်းတို့၏ ဆောင်ရွက်ချက်များအပေါ် အမှတ်ပေးကြပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိ ကြသူများ၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများကို တာဝန်ရှိသူများက အောက်တိုဘာ (၁၃)ရက် နေ့တွင် ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို အောက်တိုဘာ (၂) ရက်နေ့မှ (၁၃) ရက်နေ့အထိ ရုံးဖွင့်ရက်(၁၀)ရက်တွင် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းနည်းပြဆရာ(၅) ဦးတို့မှ စာတွေ့လက်တွေ့ပြသသွားမည်ဖြစ်ကာ ခရိုင်ထွေ/အုပ်ဝန်ထမ်းများနှင့် ခရိုင်ရဲတပ်ဖွဲ့ဝင်များ တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost






No comments:
Post a Comment