မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲပြုလုပ်




MNP ၊ အောက်တိုဘာ   ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီအချိန်က ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဖြိုးမောင်မောင် က နံရံကပ်စာစောင်များကို ကြည့်ရှုလာသူ ကျောင်းသား/ ကျောင်းသူများအား ကလေးအလုပ်သမား တွင် ဥပဒေက ခွင့်ပြုထားသည့် အသက်အရွယ်အောက် ကလေးငယ်များကို ခေါ်ဆိုခြင်းဖြစ် ကြောင်း ၊  အလုပ်လုပ်ရန် ဥပဒေကခွင့်ပြုထားသော်လည်း ကလေးအလုပ်သမားများသည် အလုပ် ခွင်၌ အချိန်ပြည့်နီးပါး အလုပ်လုပ်ကြရသဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများ မလွဲမသွေ ခံစား ကြရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားများနှင့်ပတ်သက်၍ ကာကွယ်ပေးရမည့် ဥပဒေများ ရှိကြောင်း၊ ကလေးအလုပ်သမားခိုင်းစေခြင်းဆိုင်ရာ ပြဌာန်းချက်များကို အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြောင်းစသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာ များကို ရှင်းလင်းပြောကြားခဲ့ပြီး  ကျောင်းသား/ ကျောင်းသူများက ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။


မြင့်စိုး 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)