တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ





MNP ၊ အောက်တိုဘာ   ၁၂

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှကြီးမှူး၍ ကျောင်းသား၊ကျောင်းသူလူငယ်များအသိပညာမြင့်မားရေးအတွက်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ်(၁၂)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကိုင်းရှည်၌ ကျင်းပ ပြုလုပ် သည်။


အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံး မှ ဦးစီးအရာရှိ ဦးမြင့်ရွှေ က လူငယ်နှင့်အနာဂတ်ပန်းတိုင် ခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်အေးနန္ဒာကျော် က လူငယ်နှင့်အားကစား ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောသည်။


အဆိုပါအခမ်းအနားသို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကိုင်းရှည်မှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းရွှေ နှင့်ဆရာ ၊ ဆရာမများ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးခန့်တက်ရောက်ခဲ့ ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)