ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ


MNP ၊ အောက်တိုဘာ  ၆

ကျောင်းသား၊ ကျောင်းသူ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ‌ခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အ.လ.က(ခွဲ)မ(၈)တွင် ကျင်းပသည်။


အဆိုပါဟောပြောပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်း‌အေးက  လူငယ်နှင့်မူးယစ်‌ဆေးဝါးအန္တရာယ်ခေါင်းစဥ်ဖြင့် ဟောပြောရာတွင် မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ သုံးစွဲမှုကိုဖြစ်ပေါ်စေသော အကြောင်းအရာများ၊ သတိပြုရှောင်ရှားရန်များအားဟောပြောပြီး၊ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာမဒေါ်ထွေးမြတ်မြတ်ဝါ(စံဌာနီထွန်း)က လူငယ်များကျောင်းစာအပြင် သုတရသစာအုပ်များ ဖတ်ရှုရန်လိုအပ်ကြောင်းများ၊‌ ကျောင်းသားလူငယ်များအတွက် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေးဖြစ်ရပ်မှန်အကြောင်းအရာ သာဓကများဖြင့် ဟောပြောပြီး ဗဟုသုတရှိ‌သောစာပေများ ဖတ်ရှုမှသာ အောင်မြင်သောခေါင်းဆောင်ဖြစ်နိုင်‌ကြောင်းများအား အကျယ်တဝင့်ဟောပြာကာစာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူးဒေါ်သန်းသန်းအေးက စာကြည့်တိုက်ဝန်ဆောင်မှုအကြောင်းအရာများအား ဟောပြောဆွေးနွေးပေးကြောင်းသိရ သည်။      


ထို့နောက်ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား / ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော    လူကုန်ကူးမှုအသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး    ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးစသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် ဟော‌ပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အ.လ.က(ခွဲ)မ(၁)ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ထွေးမြင့်နှင့် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၅၀)ဦးတက်ရောက်ကြာင်း သိရသည်။


ကျော်စွာမိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)