မြောက်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP ၊ အောက်တိုဘာ  ၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အပတ်စဥ်ရပ်ကွက်အလိုက် ရပ်ကွက်အေးချမ်းသာယာရေးအတွက် ဥပဒေအသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့နယ်အတွင်း ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ရာနှုန်းပြည့်ထိုးနှံခြင်းနှင့် သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျောင်းများတွင်ကွင်းဆင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူရာနေမှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးချမ်းမြေ့ဦးက အပတ်စဥ်စနေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း၊  မီးဘေးလုံခြုံရေးစီမံချက်များကို ရေးဆွဲထားရှိရန်လိုအပ်ကြောင်း၊ ရပ်ကွက်များတွင် မူးယစ်ဆေးဝါးများဖမ်းဆီးရရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သတင်းပေးပို့ရန်လိုကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးတင့်နိုင်က ရပ်ရွာအေးချမ်းလုံခြုံရေးဆောင်ရွက်ရမည့် အကြောင်းအရာများ၊ မြို့နယ်လ.ဝ.ကမှူး ဦးအောင်ကျော်စိုးက ဇီဝဆိုင်ရာအချက်အလက် (Biometric)ကို ဌာနဆိုင်ရာဝန်ထမ်းများ မဖြစ်မနေလုပ်ဆောင်ထားသင့်ကြောင်း၊ မြို့နယ်ကျန်းမာရေးဌာနမှ  ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ စုစုပေါင်း(၆၅)ကျောင်းတွင် ဆေးထိုးခွင့်ရှိသူ (၄၂၉၈) ဦးကိုထိုးနှံပြီး ဖြစ်ကြောင်းကို ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြမြဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)