တန့်ယန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ၃/၂၀၂၃ သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ၃/၂၀၂၃ သင်တန်းဆင်းပွဲ ကျင်းပ


MNP ၊ အောက်တိုဘာ  ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၃/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းနားကို အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်ကြက်ခြေနီအသင်းရုံး၌ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်း နာယက မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဦးက အမှာစကား ပြောကြားပြီး မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးစိုင်းဆန်းလှထွန်းက သင်တန်းဖွင့်လှစ်ခဲ့မှုနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဦးနှင့် တာဝန်ရှိသူများက ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ၃/၂၀၂၃ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ နမ့်ဟူးလွယ်ကာနှင့် ဟိုမန်းကျေးရွာ အုပ်စုတို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၃ ဦးတို့က လက်ခံရယူ ခဲ့ကြကြောင်း သိရသည်။


မင်းလွင်ဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)