လှည်းကူးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ


MNP ၊ အောက်တိုဘာ  ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်ဝသည့်လူငယ်များပေါ်ထွန်းလာစေရန်၊ ထူးချွန်ထက်မြက်သည့်အနာဂတ်မျိုးဆက်သစ် လူငယ်များပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တို့ပူးပေါင်းကျင်းပသော အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးခင်ဇော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့ကဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကျင်းပရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားရာတွင် ဗလငါးတန်နှင့်ပြည့်ဝသောလူငယ်များပေါ်ထွန်းလာစေရန်၊ အသိပညာဗဟုသုတများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အနာဂတ် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့်လူငယ်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ အသိပညာပေဟောပြောပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဦးကျော်မင်းညွှန့်က စိတ်ကူးယဥ်ကြပါ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာဦးရန်နိုင်ဦး(ခ)ချစ်သဲဖြူ(ကော့ကရိတ်)က ပညာ့ကျေးဇူးခေါင်းစဉ်ဖြင့်လည်းကောင်း အသိညာပေးဟောပြောခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲကိုဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)မှ ကျောင်းသား/ သူ(၉)ဦးတို့က ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ စာပေမြင့်မှလူမျိုးတင့်မည်၊ ယနေ့လူငယ် နောင်ဝယ်လူကြီး၊ ပညာရဲရင့်ပွဲလယ်တင့်၊ အစဥ်ရှေးရှုမြန်မာ့ယဥ်ကျေးမှု၊ မူးယစ်ရန်စွယ်တို့ကာကွယ်၊ အားကစားဖြင့်နိုင်ငံ့ဂုဏ်ကိုမြှင့်တင်စို့၊ ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့၊ ချစ်မြတ်နိုးစရာမြန်မာ့အနုပညာအစရှိသည့် ခေါင်းစဉ်များဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။


ထို့နောက်ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိခဲ့သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး အခြေခံပညာအထက်ကျောင်း(မြို့မ)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်ဆွေဆွေသန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်များပြသပေးရာ ကျောင်းသား/သူများကစိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အ.ထ.က(မြို့မ)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၃၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


အေးအေးနွဲ့

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)