သိန္နီမြို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club) အသင်းဝင်များမှ စာရေး ဆရာကိုကိုလင်း (အမေ့အိမ်) ရေးသားထားသောလူကြီးတွေကစပြင်ပါ လူငယ်အတွေးခံစားမှု အတွေးစာစုများ စာအုပ်အား စာဖတ်ဝိုင်းပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သိန္နီမြို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူ(Book Club) အသင်းဝင်များမှ စာရေး ဆရာကိုကိုလင်း (အမေ့အိမ်) ရေးသားထားသောလူကြီးတွေကစပြင်ပါ လူငယ်အတွေးခံစားမှု အတွေးစာစုများ စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်


MNP ၊ အောက်တိုဘာ  ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့( Community Centre )ခန်းမတွင် စာအုပ် စာစောင်ချစ်မြတ်နိုးသူ အသင်းဝင်များမှ စာရေးဆရာ ကိုကိုလင်း  (အမေ့အိမ်)၏ လူကြီးတွေက စပြင်ပါလူငယ်ခံစားမှုအတွေးစာစုများစာအုပ်ဖြင့် ယမန်နေ့နံနက်ပိုင်းအချိန်က စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်း၌  (Book Club)  အဖွဲ့ဝင်မှ ဆွေးနွေးရာတွင် လောကကို အကောင်း မြင်တတ် ခြင်း၊ သင်ယူလိုစိတ်သင်ယူမှုပြင်းပြတတ်စေခြင်း၊ နှိမ့်ချတတ်သည့်နှလုံးသားထားရှိတတ်ခြင်း၊ အကောင်းမြင်တတ်ခြင်းသည် မွန်မြတ်သည့်စွမ်းရည်တစ်ရပ်ဖြစ်ကြောင်း၊ အချိန်ကို တန်ဖိုးထားတတ်ပြီး ဘဝဆိုသည်မှာ ကျိန်းသေတွက်ဆ၍ မရသော ဝင်္ကပါတစ်ခုဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များကို မျိုးဆက်ဟောင်းလူကြီးများကအမွေကောင်းများ၊ အလေ့အကျင့်ကောင်းများ လက်ကမ်းဆင့်ပေးကြစေရန် စသည့်အကြောင်းအရာများကို စာပေချစ်မြတ်နိုးသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)