ရသေ့တောင်မြို့၌အမျိုးသားသဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုရန်ပုံ‌ငွေဖြင့်လုပ်အားခ‌ပေးဖွံ့ဖြိုးရေး (Cash for Work) စီမံကိန်းကျေးရွာအဆင့်စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌အမျိုးသားသဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုရန်ပုံ‌ငွေဖြင့်လုပ်အားခ‌ပေးဖွံ့ဖြိုးရေး (Cash for Work) စီမံကိန်းကျေးရွာအဆင့်စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲကျင်းပ





MNP ၊ အောက်တိုဘာ  ၉

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ အမျိုးသားသဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုရန်ပုံ‌ငွေဖြင့်ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်မည့်လုပ်အားခ‌ပေးဖွံ့ဖြိုးရေး (Cash for Work)စီမံကိန်းကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

     ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦး(လက်ထောက်ညွှန်ကြားရေးမှူး(နည်း)မှကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့်စဥ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးများ ဆောင်ရွက်ရာတွင် ကျေးလက်နေပြည်သူများ၏စွမ်းဆောင်ရည်များမြှင့်တင်ပေးရန်နှင့်လုပ်အားခ‌ပေးဖွံ့ဖြိုးရေး (Cash for Work)စီမံကိန်းကျေးရွာအဆင့် စီမံခန့်ခွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ သည်။

      ထို့နောက်လုပ်အားခ‌ပေးဖွံ့ဖြိုးရေး (Cash for Work)စီမံကိန်ဆောင်ရွက်မည့်ကျေရွာများဖြစ်သည့် ဆင်ပိုက်ကျေးရွာ၊တန်းအေးကျေးရွာ၊ကံပြင်(အလယ်ရွာ)ကျေးရွာ၊ပြင်ဝန်းကျေးရွာနှင့်ရန်‌အောင်ပြင်ကျေးရွာများမှ လုပ်ငန်းကော်မတီဝင်များအားသင်ကြား‌ပေးခဲ့ပြီးမနက်ဖြန်တွင် နှမ်းခင်း‌‌ကျေးရွာ၊ဇီကိုင်းကျေးရွာ၊ဆားပြင်ကြီး‌ကျေးရွာနှင့်ကျွန်းကြီးကျေးရွာရှိလုပ်ငန်းကော်မတီဝင်များအားသင်ကြား‌ပေးသွားမည်ဖြစ်‌ကြောင်းသိရှိရသည်။

      အဆိုပါ သင်တန်းသို့ဌာနဆိုင်ရာများ၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီးမှူးနှင့် ဝန်ထမ်းများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်သင်တန်းသားများတက်ရောက်ခဲ့ကြောင်းသိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)