ရွှေတောင် မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် မုဒိတာ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင် မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် မုဒိတာ စာဖတ်ဝိုင်းကျင်းပ





MNP ၊ အောက်တိုဘာ    ၁၃

ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့်ပူးပေါင်း၍ စာရေးဆရာကြီး အောင်သင်း၏ “ ခေတ်သစ်ကမ္ဘာအတွက် ပညာ‌ရေးနှင့် စာရိတ္တပျိုးထောင်မှု" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာကြီး အောင်သင်း၏" ခေတ်သစ်ကမ္ဘာအတွက်ပညာရေးနှင့်စာရိတ္တပျိုးထောင်မှု"စာအုပ်ဖြင့် မုဒိတာစာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) ဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်ခင်ယုနိုင် ( အေပရယ်ယုနိုင်)က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသူများအား စာပေကိုမြတ်နိုး တန်ဖိုးထားတတ်ပြီး  စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် မျိုးဆက်သစ် စာရေးဆရာများ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍  စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ 


ဆက်လက်၍ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများကစာရေးဆရာကြီး အောင်သင်း၏ 

"ခေတ်သစ်ကမ္ဘာအတွက်ပညာရေးနှင့်စာရိတ္တပျိုးထောင်မှု"စာအုပ်ပါ " ခေတ်သစ်ကမ္ဘာအတွက်ပညာရေး" ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆရာကြီး ဦးအုန်းမောင် မောင်အေးငြိမ်း(သရက်)ကလည်းကောင်း၊ "ပညာရေးနှင့်စာရိတ္တပျိုးထောင်မှု" ခေါင်းစဥ်ပါ အကြောင်းအရာများကို ဆရာကြီး ဦးကြည်ညွန့် (အောင်ပြည့်စုံ)ကလည်းကောင်း ဆွေးနွေးကြရာ တက်ရောက်လာသူများက ပြန်လည် ဆွေးနွေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)