MNP ၊ အောက်တိုဘာ ၁၃
သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(CommunityCentre)၌ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာကြည်က တာဝန်ယူလုပ်ဆောင်ရွက်နေကြသော ဝန်ထမ်းများအားလုံးနိုင်ငံ့ဝန်ထမ်းများ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲများစာအုပ်ပါအချက်အလက်၊ ညွှန်ကြားချက်များအားသိရှိနားလည်ပြီး စာကြည့်တိုက် လုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာဖြင့် ထိရောက်အောင်မြင် လာစေရန်ရည်ရွယ်၍ ယခုလိုစာဖတ်ဝိုင်းများ ပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်က စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲ စာအုပ်ပါ “ပြန်/ဆက်စာကြည့်တိုက်၏ရည်ရွယ်ချက်နှင့် စာကြည့်တိုက်အျမိုးအစားများ”၊ ရုပ်/သံ-၃ ဒေါ်ခင်သီတာဝင်းက “စာကြည့်တိုက်၏အဓိပ္ပါယ်”၊ ရုပ်/သံ-၃ ဒေါ်အေးအေးဝင်းက “စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း”၊ အငယ်တန်းစာရေး ဒေါ်ခွန်းဆက်သင်းက “စာကြည့်တိုက်ပညာ” ခေါင်းစဉ်များကို ဝန်ထမ်းတစ်ဦးချင်း အသေးစိတ်ဖတ်ကြားခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူးက ခေါင်းစဉ် တစ်ခုချင်း အလိုက် အသေးစိတ်ပြန်လည် ဖြည့်စွက် ဆွေးနွေးခဲ့သည်။
သန့်ဇင်
https://t.me/MyanmarNationalPost



No comments:
Post a Comment