MNP ၊ အောက်တိုဘာ ၁၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ခရိုင်ရုံးဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ စာအုပ်ဖြင့် ယနေ့ နေ့လယ် ၁၂ နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဦးဖြိုးမောင်မောင် က စာဖတ်ဝိုင်းပြုလုပ်ရခြင်းမှာ ရုံးတွင်းဝန်ထမ်းများ စည်းမျဉ်း၊ စည်းကမ်းများကို သိရှိနားလည်လိုက်နာစေရန် ရည်ရွယ်၍ ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်ပါ အကြောင်းအရာထဲမှ အခန်း(၁၅)ပါပုဒ်မ (၁၆၁) ထဲမှ ဝန်ထမ်းစည်းကမ်းဆိုင်ရာပြစ်မှု များထဲ တွင် အလုပ်ချိန်နှင့်သက်ဆိုင်သည့် ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ဝန်ထမ်း ကို ဌာနဆိုင်ရာ မှ အရေးယူအပြစ်ပေးနိုင်သည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ယင်းနောက် ဒုတိယဦးစီးမှူး ဒေါ်စောစန္ဒာက အခန်း(၁၆) ပါ၊ပုဒ်မ(၁၇၃) နှင့် (၁၇၆) တို့တွင် ဌာနဆိုင်ရာ အရေးယူခံရသည့် ဝန်ထမ်းများ တာဝန်မှ ယာယီရပ်ဆိုင်းခံရသည့် အကြောင်း အရာ နှင့် အရေးယူခံရသည့် ဝန်ထမ်းကို တာဝန်မှ ယာယီရပ်ဆိုင်းထားစဉ်ကာလအတွင်း ခွင့်မပြု ရမည့်ပြဌာန်းချက်များ စသော အကြောင်းအရာများကိုဆွေးနွေးခဲ့ကြပြီး ဝန်ထမ်းများမှ သိရှိလို သည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်နွေးသူမှ ပြန်လည်ရှင်းလင်း ခဲ့ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment