မိုင်းယန်းမြို့၌ တရုတ်ပြည် DU-12 စပါးမျိုး စံပြစိုက်ကွက် ကွင်းသရုပ်ပြစတင်ရိတ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယန်းမြို့၌ တရုတ်ပြည် DU-12 စပါးမျိုး စံပြစိုက်ကွက် ကွင်းသရုပ်ပြစတင်ရိတ်သိမ်း


MNP ၊ အောက်တိုဘာ  ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တရုတ်ပြည် DU-12 စပါးမျိုး စံပြစိုက်ကွက် ကွင်းသရုပ်ပြရိတ်သိမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီက မွန်ကဲရပ်ကွက်နေ ဦးပိုင်တောင်သူ ဦးထွန်းကြာ၏ လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်သည်။


အဆိုပါ စံပြစိုက်ကွက်ရိတ်သိမ်းမှုအား မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် တောင်သူများမှ ကြည်ရှု့အားပေးခဲ့ကြပြီး မွန်ကဲရပ်ကွက် ကွင်းအမှတ်(၁၂)၊ ဦးပိုင်အမှတ်(၃၆)၊ တောင်သူ ဦးထွန်းကြာ၏ တရုတ်ပြည် DU-12 စပါးမျိုး စံပြစိုက်ကွက်တွင် အထွက်နှုန်း စပါးအစို အထွက်တင်း (၁၅၆.၂)တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


ထွန်းထွန်းထူး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)