MNP ၊ အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် “စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေး လက်စွဲစာစောင်” စာအုပ်ဖြင့် ယမန်နေ့ ညနေပိုင်းက စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ဝန်ထမ်းများအား စာကြည့်တိုက်လုပ်ငန်းများကိုပိုမိုသိရှိနားလည်စေရန် ရည်ရွယ် “စာကြည့်တိုက် လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့ပြီး “စာပြုလုပ်ငန်း” ခေါင်းစဉ်ပါ အကြောင်းအရာများမှ စာကြည့်တိုက်သို့ စာအုပ်များ ရောက်ရှိပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့်ကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ရုပ်သံကျွမ်းကျင်-၃(အင်အားပြ) ဒေါ်ဖြိုးဝေသူက “ရသစာပေများခွဲခြားခြင်း၊ သုတစာပေများ ခွဲခြားခြင်း၊ မျိုးတူစုပြုခြင်း” စသည့်အကြောင်းအရာများအားလည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ)ဦးဇော်လင်းက “မျိုးတူစုပြုရာတွင် အထောက်အကူပြုသည့် အချက်အလက်များ” စသည့်အကြောင်းအရာများကိုလည်းကောင်း ဝန်ထမ်းများ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ “စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာစောင်”စာအုပ်နှင့် စာဖတ်ဝိုင်းပြုလုပ် ခြင်းအားဖြင့် ဝန်ထမ်းများသည် စာကြည့်တိုက်လုပ်ငန်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို ပိုမိုသိရှိနိုင်မည်ဖြစ်သည်။
ဇော်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment