တိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတနည်းပညာတက္ကသိုလ်၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ ကျောင်းသူများ Global Earth Agro & Aqua Industry Public Co., Ltd သို့ လာရောက်လေ့လာမှုများကို ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတနည်းပညာတက္ကသိုလ်၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ ကျောင်းသူများ Global Earth Agro & Aqua Industry Public Co., Ltd သို့ လာရောက်လေ့လာမှုများကို ကြည့်ရှုအားပေး





MNP ၊ အောက်တိုဘာ  ၉

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည်  ယမန်နေ့မွန်းလွဲပိုင်းတွင် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့ သွားရောက်၍ ဟင်္သာတ နည်းပညာတက္ကသိုလ်၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ ကျောင်းသူ ၉၆ ဦးတို့သည် လေ့လာရေးခရီးစဉ်အနေဖြင့် ငါးမွေးမြူရေး၊ စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံးပြုပြီး  လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် လေ့လာနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာများ အတူတကွ သုံးဆောင်ခဲ့ကြသည်။


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌက သွင်းအားစု၊ ထုတ်လုပ်မှုနှင့် ဈေးကွက်၊ အလုပ်အကိုင်ရရှိမှု၊ ငါးအစာတောင့်စက်ရုံ ကုန်ကြမ်းလိုအပ်ချက်နှင့် လုပ်ငန်းတိုးတက်မှု အခြေအနေ၊ စားသောက်ကုန်ထုတ်လုပ်မှုစက်ရုံ ကုန်ကြမ်းလိုအပ်ချက်၊ စပါးခွံလောင်စာသုံး ဘွိုင်လာ၊ Gasifier စနစ်ဖြင့်  လျှပ်စစ်ထုတ်လုပ်နိုင်မည့် စက်ရုံများအတွက် ရက်၊ လ၊ နှစ် အလိုက် စပါးခွံလိုအပ်ချက်နှင့် လုပ်ငန်းတိုးတက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စက်ရုံလည်ပတ်နိုင်ရန်အတွက် ကုန်ကြမ်းများရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၌ စပါးတင်းသိန်းပေါင်း (၄)ထောင်ကျော် ထွက်ရှိပြီး စပါးခွံတန်ချိန်(၁၈) သိန်းကျော်နှင့် ဖွဲနုတန်ချိန် (၇)သိန်းကျော်တန်ထွက်ရှိပါကြောင်း၊ စက်ရုံအတွက် တစ်နှစ်လိုအပ်မည့် စပါးခွံတန်ချိန် (၅)သိန်းကျော်နှင့် ဖွဲနုတန်ချိန်(၂)သိန်းကျော်အတွက် လုံလောက်မှုရှိရာ အချိန်မီ စုဆောင်းသိုလှောင်ရန် လိုအပ်ပါကြောင်း၊ အခြားကုန်ကြမ်းများဖြစ်သည့် ဆန်ကွဲ၊ ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်မျိုးစုံလည်းထွက်ရှိပါကြောင်း၊ စက်ရုံများရာနှုန်းပြည့်ပြီးစီး၍ ဇီဝမြေဩဇာနှင့် တိရစ္ဆာန်အစာထုတ်လုပ်နိုင်ပါက စိုက်ပျိုးရေး၊ မွေးမြူရေး တောင်သူများ သက်သက်သာသာဖြင့် မြေဩဇာများဝယ်ယူအသုံးပြုနိုင်မည်ဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း၊ စက်ရုံ၏ တိုးတက်မှု အခြေအနေများ သိရှိနိုင်ရေးနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရေး လာရောက်ခြင်းဖြစ်ပါကြောင်း၊” အမှာစကားများပြောကြားခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စပါးခွံလောင်စာသုံး boiler ဖြင့် Turbine စနစ် အသုံးပြုပြီး  လျှပ်စစ်ဓါတ်အား (၁၅)မဂ္ဂါဝပ် (၂)လုံး (၃၀)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်နိုင်မည့် စက်ရုံအတွက် စက်ပစ္စည်းများရောက်လာမှုနှင့် တည်ဆောက်ရေး၊ တပ်ဆင်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ စပါးခွံလောင်စာသုံး gasifier ဖြင့် gas engine အသုံးပြုပြီး  လျှပ်စစ်ဓါတ်အား ၁၂ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံတည်ဆောက်နေမှု၊ စပါးခွံများ စနစ်တကျသိုလှောင်နိုင်ရန် သိုလှောင်ရုံများ တည်ဆောက်နေမှုများ၊ အေးခဲစက်ရုံတွင် automated cold storage warehouse စနစ်တည်ဆောက်ရန် အပူချိန်ထိန်း နံရံပြားများနှင့် Insulation ဖော့ပြားများအသုံးပြု၍ နောက်ဆုံးကြမ်းခင်း ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများ၊ အအေးပေးစက်များ တပ်ဆင်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးစေရန်၊ လျှပ်စစ်ထုတ်စက်ရုံများ အမြန်ဆုံး တည်ဆောက်တပ်ဆင်ပြီးစီးစေရေးမှာကြားခဲ့ပြီး လိုအပ်သည်များအား သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)