KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီး ပေါက်ကွဲမှုနှင့် ပြည်ဖျက်မီဒီယာများ၏ လုပ်ကြံဖန်တီး ရေးသားဖော်ပြချက်များ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီး ပေါက်ကွဲမှုနှင့် ပြည်ဖျက်မီဒီယာများ၏ လုပ်ကြံဖန်တီး ရေးသားဖော်ပြချက်များ

 










ယမန်နေ့ည (၁၂ ၀၀)နာရီ ဝန်းကျင် က KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ဌာနချုပ်ရှိရာ လိုင်ဇာအနီး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး လူ(၃၀) ထက်မနည်း သေဆုံးခဲ့ရမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်ဖျက်မီဒီယာများဖြစ်တဲ့ BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now, Ayeyarwaddy Times တို့မှာ တပ်မတော်ကို ပုံစံမျိုးစုံနဲ့ စွပ်စွဲ ရေးသားထားတာကို တွေ့ရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြားထားတာကတော့ "ဒီလိုင်ဇာသတင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့လည်း စုံစမ်းနေဆဲဖြစ်ပါတယ်။ တစ်ခုက ကျွန်တော်တို့ အနေနဲ့ က ဒီနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အမြဲတမ်း ကျွန်တော်တို့ ထိန်းသိမ်းဆောင်ရွက်လျက်ရှိတယ်။ ဒီနယ်စပ်ဒေသနဲ့ နီးတဲ့နေရာမှာ ကျွန်တော်တို့ ည သန်းခေါင်အချိန်လောက်ကြီးမှာ ဗုံးကျဲတိုက်ခိုက်တယ်တို့ လက်နက်ကြီးနဲ့ ပစ်ခတ်တယ်တို့ ဆိုတာ ဖြစ်နိုင်မလား ဆိုတာ စဉ်းစားစေချင်ပါတယ်။ ကျွန်တော်တို့ ပြောခဲ့ပြီးဖြစ်တယ်။ တပ်မတော်အနေနဲ့ကတော့ မည်သည့်ဌာနချုပ်မဆို လက်နက်ကိုင် သောင်းကျန်းနေတဲ့ မည်သည့်ဌာနချုပ်မဆို ပစ်ခတ်နိုင်တယ်၊ တိုက်ခိုက်နိုင်တယ်။ သို့သော် ကျွန်တော်တို့ ပစ်ခတ်တိုက်ခိုက်မှု မရှိခဲ့ဘူးဆိုတာကို ကျွန်တော်တို့ ပြောပြီး ဖြစ်ပါတယ်။ အဲဒီမှာလည်း သတင်းအမျိုးမျိုး ပြောကြတာပေါ့လေ။ အဲဒီအဖွဲ့အစည်းကိုယ်တိုင်က သတင်းအမျိုးမျိုး ပြောနေတာ ရှိတယ်။ စစ်တပ်က လေယာဉ်နဲ့ ပစ်ခတ်တယ်၊ တပ်မတော်က လေယာဉ်နဲ့ ပစ်ခတ်တယ်၊ တချို့လည်း လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတာမျိုး မတိမကျ မရေမရာပြောနေတာမျိုး ရှိတယ်။ ကျွန်တော်အတိအကျ ပြောနိုင်တာတော့ ရှိတယ်။ အဲဒီနေရာပေါ့၊ အခု ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ နေရာသည် KIA အနေနဲ့ UAV တွေ သုံးပြီးတော့ မောင်းသူမဲ့ လေယာဉ်တွေသုံးပြီးတော့ တပ်မတော်စခန်းတွေကို Drop Bomb လာချတဲ့ နေရာ၊ စစ်ကြောင်းတွေပေါ်မှာ Drop Bomb လာချတဲ့ နေရာဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီမှာ ပေါက်ကွဲမှုဖြစ်ခဲ့တယ်။ ဒီပေါက်ကွဲမှုသည် ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပဲ ဖြစ်တယ်။ ယခင်ကလည်း လိုင်ဇာအနီးမှာ KIA ရဲ့ လက်နက်ခဲယမ်းသိုလှောင်ရုံတစ်ခု ပေါက်ကွဲခဲ့တယ်။ သူတို့အနေနဲ့ သတင်းဖုံးကွယ်ပြီး လုပ်ခဲ့တာမျိုး ရှိတယ်။ အခုလည်း Drop Bomb တွေ သိုလှောင်တဲ့ နေရာ ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ ကျွန်တော်တို့ သုံးသပ်တယ်။ မြေပြင်သတင်းကိုတော့ ကျွန်တော်တို့ စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။" ဟု သုံးသပ်ပြောဆိုထားသည်။


လိုင်ဇာအနီး ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဗြိတိန်အခြေစိုက် BBC မြန်မာပိုင်းက -

KIO ဌာနချုပ်အနီး လက်နက်ကျမှုမှာ ကလေးသူငယ် ၁၁ ဦးသေဆုံး

ကချင်လွတ်လပ်ရေးတပ်(KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးနဲ့ ၂ မိုင်ပဲဝေးတဲ့ မုန်လိုင်ခက်ရပ်ကွက်ကို မနေ့ညပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုမှာ သေဆုံးသူ ၂၉ ဦးထဲမှာ ကလေးသူငယ် ၁၁ ဦးပါဝင်တယ်လို့ ဘီဘီစီက ထပ်မံသိရှိရပါတယ်။ အဲဒီ ၁၁ ဦးထဲမှာ ၁၂ နှစ် အောက်ကလေး မိန်းကလေး ၃ ဦးနဲ့ ယောက်ျားလေး ၃ ဦးပါဝင်တယ်လို့ သိရပါတယ်။

အမေရိကန်အစိုးရပိုင် မီဒီယာဖြစ်တဲ့ VOA -

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့က မုန်လိုင်ခတ် စစ်ရှောင်စခန်းကို  မနေ့ည ၁၂ နာရီဝန်းကျင်က ဗုံးကျဲတိုက်ခိုက်ခံရတာကြောင့် အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် လူပေါင်း ၃၀ နီးပါးသေဆုံးခဲ့ပြီး ၅၀ ခန့် ဒဏ်ရာရရှိတယ်လို့ ဒေသတွင်း သတင်းတွေကဖော်ပြပါတယ်။ သတင်းအပြည့်အစုံနဲ့ နောက်ဆုံးရ အခြေအနေတွေကို ဆက်လက်တင်ပြပေးသွားပါမယ်။

အမေရိကန်အစိုးရပိုင် မီဒီယာဖြစ်တဲ့ RFA -

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့က မုန်လိုင်ခက် စစ်ဘေးဒုက္ခသည်စခန်းကို အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီကျော်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် စစ်ဘေးဒုက္ခသည် ၂၉ ဦး သေဆုံးခဲ့တယ်လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကိုပြောပါတယ်။

သေဆုံးသွားသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ဆယ်ဦးထက်မနည်း ပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူ ၅၆ ဦးအထိ ရှိနေပြီလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတွေက လက်နက်ကြီးနဲ့ လိုင်ဇာဘက်အခြမ်းကို ပုံမှန်ပစ်ခတ်လေ့ရှိပေမယ့် အခုတစ်ခေါက် ဗုံးကြဲတိုက်ခိုက်မှုဟာ ဒရုန်းနဲ့လာရောက်တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက RFA ကိုပြောပါတယ်။

“လက်နက်ကြီးတော့ မဟုတ်ဘူး။ လေယာဉ်နဲ့လား၊ ဒရုန်းနဲ့လား တစ်ခုခုတော့ဟုတ်မယ်။ လေယာဉ်နဲ့ဆိုရင် အသံကကြားရမယ်၊ အခုက မကြားရတော့ ဒရုန်းနဲ့ ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြတယ်။ ခရာဘွမ်၊ ဘွမ်ရာယ်ဘွမ်မှာ ရှိတဲ့ စစ်ကောင်စီစခန်းက လက်နက်ကြီးနဲ့ ပုံမှန်ပစ်နေတာ လိုင်ဇာဘက်ကို”

ကျရောက်ပေါက်ကွဲတဲ့ ဗုံးအမျိုးနဲ့ လက်နက်အမျိုးအစား အသေးစိတ်ကို မသိရသေးသလို သေဆုံးတဲ့သူတွေကိုလည်း အခုထိရှာဖွေမှုတွေ ဆက်လုပ်နေတုန်းလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ပြည်ပြေး ဝရမ်းပြေး မီဒီယာဖြစ်တဲ့ DVB -

ကချင်ပြည်နယ်၊ KIO/KIA ဌာနချုပ်နားက မုန်လိုင်ခက်စစ်ရှောင်စခန်းကို အောက်တိုဘာ ၉ ရက် ည ၁၁ နာရီကျော်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် စစ်ရှောင်ပြည်သူ အများအပြား သေဆုံးပြီး အရေအတွက်ကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြည်ပြေး ဝရမ်းပြေး မီဒီယာဖြစ်တဲ့ Mizzima -

လိုင်ဇာမြို့အနီးရှိ စစ်ရှောင်စခန်း ဗုံးကြဲခံရမှု UN အစည်းအဝေးတွင် ဦးကျော်မိုးထွန်း တင်ပြ

လိုင်ဇာမြို့အနီးရှိ စစ်ရှောင်စခန်း ဗုံးကြဲခံရမှု UN အစည်းအဝေးတွင် ဦးကျော်မိုးထွန်းက တင်ပြခဲ့သည်။

(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမ ‌ကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေး ‌ကော်မတီ) ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခြင်းဖြစ် သည်။

"မိမိယခု မိန့်ခွန်းပြောကြားနေသည့် အချိန်မှာ သိရှိရသည်မှာပင် ယနေ့ညပိုင်း ၌ စစ်တပ်သည် ကချင်ပြည်နယ်ရှိ လိုင်ဇာဒေသကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ကလေးသူငယ်များ အပါအဝင် အရပ်သားများ သေကြေ ဒါဏ်ရာရရှိခဲ့ကြောင်း၊ အဆောက်အဦများလည်း ပျက်ဆီးခဲ့ကြောင်း၊ မြန်မာပြည်သူများ၏ ထိခိုက်ခံစားနာကျင်မှုများကို ဖော်ပြရန်စကားလုံးများ မရှိကြောင်း၊ ပြောရက်စရာမရှိအောင် ဆိုးရွားသော အဖြစ်အပျက်များ ဖြစ်‌ကြောင်း" ဟု ဦးကျော်မိုးထွန်းက ‌ပြောသည်။

ပြည်ပြေး ဝရမ်းပြေး မီဒီယာဖြစ်တဲ့ Irrawaddy -

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေဖြစ်သည့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့က မုန်လိုင်ခတ် စစ်ရှောင်စခန်းကို အာဏာသိမ်း စစ်တပ်က တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် ၃၀ ဦး ဝန်းကျင် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ကချင်သတင်းဌာနများက ယနေ့မနက်တွင်ဖော်ပြထားသည်။ 

တိုက်ခိုက်ခံရမှုမှာ ယမန်နေ့ည ၁၂ နာရီဝန်းကျင်ကဖြစ်ပြီး ရုပ်သံနှင့် ဓာတ်ပုံမှတ်တမ်းများ ထဲတွင် ၂ နှစ်အရွယ် ကလေးငယ်တွေအပါအဝင် အမျိုးသမီးနှင့် ကလေးငယ်များစွာကိုတွေ့ရသည်။

ပြည်ပြေး ဝရမ်းပြေး မီဒီယာဖြစ်တဲ့ Khit Thit Media -

ကချင်ပြည်နယ်၊ KIA/KIO  ဌာနချုပ်ရှိရာ လိုင်ဇာသို့ စစ်ကောင်စီတပ်က လက် နက်ကြီးများဖြင့် ပစ်ခတ်ရာ ကလေးငယ် ၁၃ ဦး အပါအဝင်  ပြည်သူ ၃၂ ဦး ထက် မနည်း သေဆုံးပြီး  ဒဏ်ရာရရှိသူလည်းများပြား ကြောင်း KIA သတင်း ရင်းမြစ်နှင့် လိုင်ဇာဒေသခံတချို့ထံမှ သိရှိရသည်။ 

အောက်တိုဘာလ ၉ ရက်နေ့ ည၁၁ နာရီကျော်အချိန် စစ်တပ်က လက်နက် ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုကြောင့် ယနေ့ နံနက် ၁ နာရီအချိန်တွင် လက်နက်ကြီးကျည်သည် လိုင်ဇာရှိ အရပ် သားပြည်သူများနှင့် စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ မုန်လိုင်ချက် စစ်ဘေးရှောင်စခန်းသို့ ကျရောက်ပြီး ကလေးငယ် ၁၃ ဦး၊  အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၂ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရရှိသူလည်း များပြားကြောင်း သိရှိရသည်။ 

ပြည်ပြေး ဝရမ်းပြေး မီဒီယာဖြစ်တဲ့ Myanmar Now -

စစ်ဘေးရှောင်ရွာကို တိုက်ခိုက်မှု လူမျိုးသုဉ်းသတ်ဖြတ်သည့် စစ်ဝါဒီလုပ်ရပ်ဟု KIA ပြော

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီး၊ လူဦးရေ ၅၀၀ ဝန်းကျင် နေထိုင်သည့် မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို အောက်တိုဘာ ၉ရက် ညဉ့်နက်ပိုင်းတွင် စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၅၆ ဦးရှိကာ ထိုထဲမှ ၄၄ ဦး ဆေးကုသနေရသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ နံနက် ၈ နာရီတွင် Myanmar Now ကို အတည်ပြုသည်။

မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်အနီးရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ၂ မိုင်ကျော်ဝန်းကျင်တွင်သာ ရှိသည့် မုန်လိုင်ခက်ရွာတွင် ဒေသခံနှင့် စစ်ဘေးရှောင်များ ခိုလှုံနေထိုင်ကြသည်။

ပြည်ပြေး ဝရမ်းပြေး မီဒီယာဖြစ်တဲ့ Ayeyarwaddy Times -

ကချင်ပြည်နယ်၊ KIA/KIO ဌာနချုပ်ရှိသည့် လိုင်ဇာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ရာ စစ်ရှောင်စခန်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁၃ ဦးအပါအဝင် သေဆုံးပြည်သူ ၃၂ ဦးထိရှိကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီတပ်က ယမန်နေ့ အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်မှစတင်ပြီး လက်နက်ကြီးများ စတင်ပစ်ခတ်နေခြင်းဖြစ်ပြီး ပြည်သူများနေထိုင်သည့် မုန်လိုင်ခက်စစ်ရှောင်စခန်းပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ညကတည်းက တောက်လျှောက်ပစ်နေတာ လက်နက်ကြီးနဲ့။ စစ်ဘေးရှောင်စခန်းကို ည ၁ နာရီလောက်မှ လက်နက်ကြီးကျတာ။ သေတာမှမနည်းဘူး။ စစ်ဘေးရှောင်နေတဲ့ camp ကိုကျတာပေါ့"ဟု ကချင်စစ်ရေးသတင်း‌ရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

KIA သောင်းကျန်းသူအဖွဲ့ဟာ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသော CRPH, NUG အဖွဲ့များနဲ့ ချိတ်ဆက်ပြီး PDF ကို အကြမ်းဖက်သင်တန်းပေးကာ လက်နက်များ ရောင်းချပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆရာတော်သံဃာတော်များ၊ ဆရာ/ဆရာမများကို ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်မှုတွေမှာ KIA အဖွဲ့ဝင်များ ကိုယ်တိုင် ပါဝင်ခဲ့တာဖြစ်ပေမယ့်လည်း KIA ကို ပြတ်သားစွာ နှိမ်နင်းဖို့ တောင်းဆိုမှုတွေ ရှိနေသော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ယနေ့တိုင်အောင် ပြင်းထန်စွာ ဆောင်ရွက်ခြင်း မရှိသေးပါဘူး။

ဗြိတိန်အခြေစိုက် BBC ၊ အမေရိကန် အခြေစိုက် VOA, RFA သတင်းဌာနများနဲ့ အကြမ်းဖက်လှုံ့ဆော်မှုများကြောင့် ပြည်ပကကို ထွက်ပြေးပြီး လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုတွေနဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now, Ayeyarwaddy Times တို့ဟာ သတင်းမှားများကို အစဉ်သဖြင့် ရေးသား ထုတ်ပြန်နေတဲ့ သတင်းဌာနအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူများ ဖြစ်ပါတယ်။ ပြည်ဖျက်မီဒီယာတွေရဲ့ ရေးသားဖြန့်ဝေနဲ့ ဖြစ်စဉ်အမှန် ကွဲလွဲနေမှုအပေါ် အများပြည်သူ ဆင်ခြင်သုံးသပ်နိုင်စေဖို့ စုစည်း တင်ပြပေးလိုက်ရခြင်း ဖြစ်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)