ပေါက်တောမြို့နယ် အခြေခံပညာ အထက(သဝင်ချောင်း) ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့နယ် အခြေခံပညာ အထက(သဝင်ချောင်း) ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ





MNP ၊ အောက်တိုဘာ   ၁၀                                           

လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နေ့လယ်ပိုင်းတွင် အခြေခံပညာ အထက(သဝင်ချောင်း)ကျာင်းရှိ  စုပေါင်းခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ အခြေခံပညာ အထက(သဝင်ချောင်း)ကျာင်းအုပ် ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားပြီး လူငယ်စကားဝိုင်းအား စတင်ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူး က ဦးဆောင်ဆွေးနွေးကာGrade - 9 မှ ကျောင်းသား မောင်နေဇင်ငြိမ်း ကလူငယ်နှင့်ကြီးပွားရေး၊Grade-10 မှ ကျောင်းသား မောင်ငြိမ်းဇင်ကလူငယ်နှင့်ပညာရေး၊ Grade-10 မှ ကျောင်းသား မောင်အောင်ဝင်းထွန်းက "လူငယ်နှင့်ရည်မှန်းချက်" ၊Grade- 11မှ ကျောင်းသူ မအေးအေးချို ကလူငယ်နှင်စည်းကမ်း ၊Grade-9မှ ကျောင်းသူ မအေးအေးစိုး ကလူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-မှ10 ကျောင်းသူ မ ဖြူနှင်းဝေ က "လူငယ်နှင့်စာပေ"အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးကြသည်။


ထို့နောက် တက်ရောက်လာကြသည့်ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူ ခြောက် ဦးကပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ အခြေခံပညာ အထက(သဝင်ချောင်း) ကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား ကျောင်းသူများတက်ရောက်ကြသည်။


ထို့ပြင် ခန်းမအတွင်း ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကလေးအလုပ်သမားများပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင် နှင့် လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်နှင့်မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)