ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး




MNP ၊ အောက်တိုဘာ  ၉

သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်သည် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက်၊ ယမန်နေ့နံနက်ပိုင်းက ကျောက်ပန်းတောင်မြို့နယ်သို့ရောက်ရှိပြီး၊ ကျေးလက်ဒေသ ရေရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို သိရှိနိုင်ရန် ဒေသခံများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။


ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်အဖွဲ့ဝင်များသည် ကျောက်ပန်းတောင်းမြို့နယ် ကန်နီရွာသို့ နံနက် ၁၀ နာရီတွင်ရောက်ရှိပြီး၊ ကျေးရွာစက်ရေတွင်း မောင်းနှင် အသုံးပြုနေမှု အခြေအနေများကိုကြည့်ရှု၍ ဒေသခံရပ်မိရပ်ဖများအားတွေ့ဆုံကာ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးသည်။ ယင်းနောက် တလိုင်းကန်ကျေးရွာအုပ်စု ကျောင်စုကျေးရွာရှိ ၂၀၂၃/၂၀၂၄-ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် မြေသားရေကန် အပိုင်း(၁) (၄၀၀ပေ×၁၄၀၀ပေ×၄ ပေ) နှင့် အပိုင်း(၂)(၅၀၀ပေ×၅၅၀ပေ×၄ပေ) တူးဖော်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ၊ ကန်ပေါင်ပေါ်ရှိ ယာယီမဏ္ဍပ်တွင် မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ၊ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး၊ ဒေသခံကျေးရွာများဖြစ်သည့် ကျောင်းစုကျေးရွာ၊ မန်ကျီးငုတ္တိုကျေးရွာနှင့် ဘုရားကြီးကုန်း ကျေးရွာများ၏ ဒေသလိုအပ်ချက်များကို၊ တစ်ရွာချင်းအလိုက် ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီး တွေဆုံမေးမြန်း၍ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။ ယင်းနောက် ကျောင်းစုကျေးရွာတွင် Jica အစီအစဉ်ဖြင့် တူးဖော်ထားရှိသည့်၊ တွင်းအကျယ် ၆ လက်မ၊ အနက်၇၂၀ ပေရှိ စက်ရေတွင်းအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များသည် ဆင်တိုင်းကန်ကျေးရွာအုပ်စု ဆင်တိုင်းကန်ကျေးရွာသို့ရောက်ရှိ၍ ကျေးရွာပိုင်စက်ရေတွင်းမြေနေရာရှိ ယာယီမဏ္ဍပ်တွင် ဒေသခံကျေးရွာများဖြစ်သည့် ဆင်တိုင်းကန်၊ စပါယ်ပင်၊ တငါ့ကန်၊ ရွာလု၊ စည်ပေါက်ကန်ကျေးရွာများမှ ရပ်မိရပ်များ၊ ကျေးရွာပြည်သူများနှင့် တွေ့ဆုံရာ၊ စက်ရေတွင်းနှင့် ပတ်သက်သည့် အချက်အလက်များကို မြို့နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြပြီး၊ ညွှန်ကြားရေးမှူးချုပ်က ဒေသလိုအပ်ချက်များကို မေးမြန်းရာ၊ တက်ရောက်လာသည့် ကျေးရွာတာဝန်ရှိသူများက မိမိတို့ကျေးရွာ၏ ရေ၊ မီး၊ လမ်းနှင့် မိုးရေလှောင်ကန် ပြုပြင်ရေး လိုအပ်ချက်များကို ကျေးရွာအလိုက်တင်ပြကြရာ၊ ညွှန်ကြားရေးမှူးချုပ်က ဖြည့်ဆည်းနိုင်ရေး ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြား၍ ကျေးရွာစက်ရေတွင်းအား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် မွန်းလွဲ(၃)နာရီတွင် အင်တောကျယ် ကျေးရွာအုပ်စု၊ အင်တောကျယ်ကျေးရွာသို့ရောက်ရှိပြီး၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လမ်းအရှည် ၇၅၀ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၆ လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးမှူးနှင့် ရပ်မိရပ်ဖတစ်ဦးက လမ်းလုပ်ငန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက်ကျေးရွာရှိ ရပ်မိရပ်ဖတစ်ဦး၏ နေအိမ်ဝန်းအတွင်း ယာယီမဏ္ဍပ်တွင် အင်တောကျယ်၊ အင်တော၊ လက်ပံပျားကျေးရွာများမှ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေး လိုအပ်ချက်များကို ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေးပြီး၊ ကျေးရွာမှပံ့ပိုးပေးရမည့် အခြေအနေများနှင့် နိုင်ငံတော်မှ ပံ့ပိုးပေးနိုင်မည့်အခြေအနေများကို ရှင်းလင်းဆွေးနွေး၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ရေရရှိရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်အတူ ဦးစိုးမောင် (ညွှန်ကြားရေးမှူး/ရေပေးရေး)၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့်တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရသည်။


နေအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)