ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Sihasak Phuangketkeow က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Sihasak Phuangketkeow က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း




အဆွေတော်များနှင့် အခမ်းအနားသို့ ကြွရောက်လာကြသော လူကြီးမင်းများခင်ဗျား -

နေပြည်တော်တွင် ယနေ့ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားသို့ ထိုင်းနိုင်ငံအစိုးရကိုယ်စားပြုကာ မိမိအနေဖြင့် တက်ရောက်ခွင့်ရသည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါတယ်။


လွန်ခဲ့တဲ့ (၈) နှစ် အဆိုပါနေ့က မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးတဲ့ သမိုင်းဝင်အခမ်းအနားမှာ ထိုင်းနိုင်ငံက အသိသက်သေနိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ယင်းမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ယင်းကဲ့သို့ NCA ကနဦး အစပြုချိန်ကတည်းက အပြည့်အဝ ပံ့ပိုးပါဝင်ခွင့်ရခဲ့တဲ့အတွက်လည်း အထူးပင်ကျေနပ် ဝမ်းမြောက်မိပါတယ်။


သက်ဆိုင်သူများအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်တစ်ရပ်မှတစ်ဆင့် တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိမှု မူများကိုအခြေခံပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို အာမခံချက်ရှိစွာ ဖော်ဆောင်ရယူနိုင်ရေးမှာ NCA ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။


ထိုင်းနိုင်ငံအနေနဲ့ အဆိုပါအမြင်အား လွန်ခဲ့တဲ့ (၈) နှစ်ခန့်ကတည်းကပင် အပြည့်အဝ ထောက်ခံအားပေးခဲ့ပါတယ်။ မိမိတို့ရဲ့ထောက်ခံအားပေးမှုမှာ ယနေ့ထိတိုင် ခိုင်မြဲစွာနဲ့ တသမတ်တည်း ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။


မည့်သည်နိုင်ငံတွင်မဆို ငြိမ်းချမ်းရေးကို ဦးတည်တဲ့လမ်းကြောင်းမှာ ယင်းနိုင်ငံရဲ့ ပြည်သူများကိုယ်တိုင်က ဖန်တီးဆုံးဖြတ်ရမယ်လို့ ထိုင်းနိုင်ငံအနေနဲ့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာလည်း ပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးမှုများကို အခြေခံကာ မြန်မာဦးဆောင်တဲ့ မြန်မာ့ကိုယ်ပိုင်နည်းလမ်းနဲ့ ဖော်ဆာင်သွားရမှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးတို့မှာ နီးကပ်စွာ ပတ်သက်ဆက်နွှယ်လျက်ရှိပါတယ်။ နယ်နိမိတ်ချင်းထိဆက်နေတဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုနဲ့ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုတို့ရှိတဲ့ စစ်မှန်သောမိတ်ဖက်အဖြစ် ဖော်ဆော်သွားရန် ထိုင်းနိုင်ငံ၏ ကတိကဝတ်မှာလည်း ခိုင်မြဲစွာရှိနေပါတယ်။


အေးချမ်းတည်ငြိမ်ပြီး သာယာဝပြောသော မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံ၏အကျိုးစီးပွားနှင့် အာဆီယံအပါအဝင် ဒေသတစ်ခုလုံး၏ အကျိုးစီးပွားလည်း ဖြစ်ပါတယ်။


အဆွေတော်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များခင်ဗျား -

ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပေါ်လျက်ရှိတဲ့ အဖြစ်အပျက်များကို မျက်မြင်ကြုံတွေ့နေရချိန်မှာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သွားကြရန် အလွန်အရေးကြီးကြောင်းကို မိမိတို့အား ထပ်လောင်းသတိပေးလျက်ရှိပါတယ်။ ငြိမ်းချမ်းရေးကို ဦးတည်တဲ့လမ်းကြောင်းဟာ စိန်ခေါ်မှုအမြောက်အများနဲ့ လွယ်ကူသောကိစ္စတစ်ရပ် မဟုတ်ပါ။ ဆုံးဖြတ်ချက်၊ ရဲရင့်မှုနဲ့ ခေါင်းဆောင်မှု အရည်အချင်းတို့ လိုအပ်ပါတယ်။ ထိတွေ့ဆက်ဆံမှု၊ တွေ့ဆုံဆွေးနွေးမှုနှင့် ပြန်လည်သင့်မြတ်မှုများမှတစ်ဆင့်သာ ငြိမ်းချမ်းရေးကို အောင်မြင်စွာ ဖော်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံရှိတဲ့ အဖွဲ့အစည်းများအားလုံးအနေနဲ့ ယခုလမ်းကြောင်းအတိုင်း ပြီးမြောက် အောင်မြင်အောင် ဆက်လက်လျှောက်လှမ်းသွားကြရန် ထိုင်းနိုင်ငံအနေဖြင့် တိုက်တွန်းအပ်ပါတယ်။ မြန်မာပြည်သူများရဲ့ အကျိုးစီးပွားအတွက် ရှေ့ဆက်ဆောင်ရွက်သွားရမည့် နည်းလမ်းများ ရှာဖွေကြရာတွင် အဖွဲ့အစည်းများအားလုံးအနေဖြင့် ကြံ့ကြံ့ခံပြီး ရှေ့ဆက်ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ကျော်လွှားသွားကြပါရန် တိုက်တွန်းအပ်ပါတယ်။


ထိုင်းနိုင်ငံအနေဖြင့် လွန်ခဲ့သည့် (၈) နှစ်က NCA ၏ ရည်မှန်းချက်ပန်းတိုင်နဲ့ ရည်ရွယ်ချက်တို့အပေါ် ခိုင်မာစွာယုံကြည်ခဲ့သည်မှာ ယနေ့ထက်တိုင်ရှိကြောင်းကို အဆွေတော်တို့အား စိတ်ချယုံကြည်နိုင်ကြောင်း ပြောကြားပါတယ်။


မြန်မာပြည်သူများနဲ့ တစ်နိုင်ငံလုံးရဲ့ ပြင်းပြသောစိတ်ဆန္ဒ ပြည့်မြောက်စေရန်အတွက် သက်ဆိုင်သူများအားလုံး ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး ဦးတည်သည့်လမ်းကြောင်းပေါ်၌ မြန်မာနိုင်ငံ အောင်မြင်စွာ လျှောက်လှမ်းသွားနိုင်ရန် ဆုမွန်ကောင်းတောင်းလျက် နိဂုံးချုပ်အပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)