MNP ၊ အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ နတ်တလင်းခရိုင် စုပေါင်းရုံး RC(၃)ထပ် အဆောက်အဦး တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တော်တင် မင်္ဂလာအခမ်း အနားကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့မရပ်ကွက်၊ ကံကြီးလမ်းတွင် ကျင်ပပြုလုပ်ခဲ့သည်။
ဦးစွာ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ နတ်တလင်းခရိုင် ဒုတိယခရိုင် အုပ်ချုပ် ရေးမှူး ဦးဇော်မင်နိုင်၊ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၊ နတ်တလင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုးနှင့် Kaung San ကုမ္ပဏီမှ တာဝန်ရှိသူများမှ ပန္နက်တော် တင်ပေးခြင်းနှင့် အောင်ဂါထာဖြင့် ရွတ်ဖတ် ပူဇော်ခြင်း၊ ပန္နက်တော်နေရာအား အောင်သပြေပန်း၊ အမွှေး နံ့သာရည်များဖြင့် ဖျန်းပက်ပေးခဲ့ ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး
https://t.me/MyanmarNationalPost


No comments:
Post a Comment