မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းစေရေး မှိုင်းပန်ကျေးရွာတွင် ကျေးရွာတွင်းလမ်းများကွန်ကရစ် ခင်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းစေရေး မှိုင်းပန်ကျေးရွာတွင် ကျေးရွာတွင်းလမ်းများကွန်ကရစ် ခင်းပေး



MNP ၊ အောက်တိုဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာများအား မြို့ပြနှင့်ကျေးလက်ကွာဟမှု လျော့နည်းစေရန်နှင့် ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ကျေးလက်နေပြည်သူများ စနစ်တကျစုပေါင်းပြီး ကဏ္ဍစုံပါဝင်သည့် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များ ဖြစ်ပေါ်လာစေရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းများရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မှိုင်းပန်ကျေးရွာတွင် စီမံကိန်းခွင့်ပြုရန်ပုံငွေကျပ် (၁၅၀) သိန်းနှင့် ပြည်သူထည့်ဝင်ငွေ (လုပ်အား) များဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခဲ့ကြောင်း သိရသည်။


ကွန်ကရစ်ခြင်းခြင်းလုပ်ငန်းများကို နိုင်ငံတော်၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းခွင့်ပြု ရန်ပုံငွေကျပ် (၁၅၀) သိန်း၊ ပြည်သူထည့်ဝင်ငွေ (လုပ်အားတန်ဖိုး) (၅၇)သိန်း ခုနှစ်သောင်းရှစ် ထောင်ကျပ်စုစုပေါင်း (၂၀၀) သိန်း ခုနှစ်သောင်း ခုနှစ်ထောင့်ရှစ်ရာကျပ်ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာန ကြီးကြပ်မှုဖြင့် ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီအဖွဲ့ ဦးဆောင်၍ ပြည်သူများပူးပေါင်းပြီး လမ်းအရှည် (၇၁၀) ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်ခင်းဖြစ်ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်၊ မှိူင်းပန်ကျေးရွာတွင် ယခင်ကကျေးရွာတွင်းလမ်းများမှာ မြေသားလမ်းများဖြစ်ပြီး မိုးတွင်းကာလ၌ တစ်အိမ်နှင့်တစ်အိမ်ကူးလူးဆက်ဆံခြင်း၊ သက်ကြီးဘိုးဘွားများနှင့် ကလေးငယ်များသွားလာခြင်း၊ သံဃာတော်များဆွမ်းခံကြွခြင်းနှင့် အခြားလူမှုစီးပွားကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲများရှိခဲ့ပြီး ယခုအခါ နိုင်ငံတော်မှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းအဖြစ် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခြင်းပေး ခြင်းကြောင့်ကျေးရွာအတွင်းရှိ အိမ်ခြေ (၄၉၉) အိမ်၊ အိမ်ထောင်စု(၅၀၆)စု၊ လူဦးရေ (၂၅၁၀) ဦးတို့၏ လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးမှ ပြောပြသည်။


သက်မောင် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)