ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း Y.M.B.A (ဗဟို)မှ မင်္ဂလာဆိုင်ရာဘွဲ့တံဆိပ်တော် လှူဒါန်းပူဇော်ခြင်း ခံရသည့် ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး ၉ ပါးတို့အား အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း Y.M.B.A (ဗဟို)မှ မင်္ဂလာဆိုင်ရာဘွဲ့တံဆိပ်တော် လှူဒါန်းပူဇော်ခြင်း ခံရသည့် ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး ၉ ပါးတို့အား အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း



MNP ၊ အောက်တိုဘာ ၇

ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း Y.M.B.A (ဗဟို)မှ မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော် လှူဒါန်းပူဇော်ခြင်းခံရသည့် ရခိုင်ပြည်နယ်မှ ဆရာတော်ကြီး ၉ ပါး တို့အား မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို ယနေ့နံနက် ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လောကာနန္ဒာ စေတီတော်မြတ်ကြီးဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ရာ ပြည်နယ်ဩဝါဒစရိယ စစ်တွေမြို့ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ နန္ဒသိရီ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း Y.M.B.A (ဗဟို)မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စစ်တွေမြို့ ဆုတောင်းပြည့်ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဉာဏဝံသ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော်က သမ္မောဓနီယ ဩဝါဒ ကထာ မိန့်ကြားချီးမြှင့်တော်မူသည်။ ထို့နောက် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း Y.M.B.A (ရခိုင်ပြည်နယ်) ဥက္ကဋ္ဌ က မင်္ဂလာဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ခြင်းနှင့် ပတ်သက်၍ လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန် ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီး ၉ ပါးတို့အား ၂၀၂၃ ခုနှစ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း Y.M.B.A (ဗဟို)မှ ဆက်ကပ်လှူဒါန်းပူဇော်သော မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)