(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှ ရွှေ(၁)ဆု၊ ကြေး(၂)ဆု ရယူပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့အား ရန်ကုန်လေဆိပ်မှ ဂုဏ်ပြုကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲမှ ရွှေ(၁)ဆု၊ ကြေး(၂)ဆု ရယူပြီး ပြန်လည်ရောက်ရှိလာသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့အား ရန်ကုန်လေဆိပ်မှ ဂုဏ်ပြုကြိုဆို




MNP ၊ အောက်တိုဘာ ၇

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် (၁) ဆု၊ ကြေးတံဆိပ် (၂) ဆုရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့သည် အောက်တိုဘာလ (၇) ရက် ညနေ (၃) နာရီ (၁၀) မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေယာဉ်အမှတ် MU-2031 ဖြင့် ပြန်လည်ရောက်ရှိရာ မြန်မာအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ မြန်မာ့အားကစား လက်ရွေးစင်‌ဟောင်းများအသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) မှ ကျောင်းသား/သူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၏ မိဘဆွေမျိုးများက ပန်းစည်းများ၊ အိုးစည်၊ ဒိုးပတ်များဖြင့် စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုကြသည်။

အဆိုပါ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်ဥက္ကဌ၊ ပိုက်ကျော်ခြင်း အားကစားအဖွဲ့၊ နဂါးလှေလှော် (Dragon Boat) လှေလှော်အားကစားအဖွဲ့တို့မှ နည်းပြများ၊ အုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ ပြန်လည်လိုက်ပါလာကြသည်။

မြန်မာအားကစားအဖွဲ့သည် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ ပိုက်ကျော်ခြင်း အမျိုးသား (၄) ယောက်တွဲမှ ရွှေ(၁)ခု၊ နဂါးလှေ အမျိုးသမီး မီတာ (၅၀၀)မှ ကြေး (၁) ခု၊ နဂါးလှေ အမျိုးသား မီတာ (၁၀၀၀) မှ ကြေး (၁) ခုရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)