ပေါင်မြို့နယ်ပညာရေးမိသားစု(ဆဌမ)အကြိမ်မြောက် ဓမ္မစင်္ကြာနှင့်ပဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်ပညာရေးမိသားစု(ဆဌမ)အကြိမ်မြောက် ဓမ္မစင်္ကြာနှင့်ပဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

 MNP ၊  နိုဝင်ဘာ  ၂၀

မွန်ပြည်နယ်၊ပေါင်မြို့နယ်ပညာရေးမိသားစု(ဆဌမ)အကြိမ်မြောက်  ဓမ္မစင်္ကြာနှင့်ပဌာန်းဒေသနာတော်ရွတ်ဖတ်ပူဇော်ပြိုင်ပွဲကို ယနေ့နံနက် ( ၈ )နာရီက မုကျိကျေးရွာ ‌မဟာဗောဓိ‌စေတီတော်မြတ်၊သာသနာ့ဗိမာန်တော်ကြီး၌ပြုလုပ်ခဲ့သည်။အခမ်းအနားကို   နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ပေါင်မြို့နယ် သံဃနာယက ဒုတိယ ဥက္ကဌ မုတ္တမ ကျေးရွာ အောင်သိဒ္ဓိကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး မုကျိတိုက်ကျောင်းဆရာတော်ထံမှ ဩဝါဒ ခံယူကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်က သာသနာရေး‌ဆိုင်ရာများလျှောက်ထားတင်ပြခဲ့သည်။ထို့နောက် မြို့နယ်ပညာရေးမှုး ဒေါ်စန်းစန်းအေး က ဓမ္မာစင်္ကြာနှင့်ပဌာန်းဒေသနာတော်မြတ်ရွတ်ဖတ် ပူဇော်ပြိုင်ပွဲများပြုလုပ်ကျင်းပခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားတင်ပြပြီး ပြိုင်ပွဲကိုစတင်ယှဉ်ပြိုင်ခဲ့ကြသည်။





အဆိုပါပြိုင်ပွဲကို ပေါင်မြို့နယ်အတွင်းရှိ (အထက) နှင့် (အလက)ကျောင်းများ၌ ဓမ္မစင်္ကြာတစ်ဖွဲ့လျင် (၂၂)ဦး၊ပြိုင်ပွဲဝင် ( ၂၂ )ဖွဲ့၊ပဌာန်းဒေသနာတော် တစ်ဖွဲ့လျှင် ( ၂၃ )ဦး၊ပြိုင်ပွဲဝင် ( ၂၂ )ဖွဲ့ တို့ဖြင့် နိုဝင်ဘာလ (၂၀)ရက်နေ့မှ(၂၂) ရက်နေ့အထိ (၃)ကြာပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)