MNP ၊ နိုဝင်ဘာ ၂၀
ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် Youth Club တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာမ ခင်စောတင့် ၏ " စွန့်စားမှုဆီသို့ခြေတစ်လှမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။အဆိုပါ စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူ များအသင်း Book Club နာယက ဆရာကြီး ဦးအုန်းမောင်က အဖွင့်အမှာစကားပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က ရွှေတောင် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေမှ ဗဟုသုတများရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့်အလေ့အကျင့်များ ရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းမှ စာ ရေးသူများတိုးပွားလာစေရန် စသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာမ ခင်စောတင့် ၏ " စွန့်စားမှုဆီသို့ခြေတစ်လှမ်း" စာအုပ်ဖြင့် ဆွေးနွေးကြရာ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများအသင်း(Book Club) နာယကဆရာကြီး ဦးအုန်းမောင် ၊မောင်အေးငြိမ်း -သရက်က "လမ်းလျှောက်ထွက်ကြမယ်" ခေါင်းစဉ်ပါ လမ်းလျှောက်ခြင်းသည် လူသားတို့၏ အကောင်းဆုံးဆေးဖြစ်ကြောင်း၊ အကောင်းဆုံးစံနှုန်းက တစ်နေ့ကို မိနစ်သုံးဆယ်လာက် ခပ်သွက်သွက်လမ်း လျှောက်ခြင်း ဖြစ်ကြောင်းကို လည်းကောင်း ၊ ဆရာမကြီး ဒေါ်မြတ်နွယ် April Moon က " စွန့်စားမှုဆီသို့ ခြေတစ်လှမ်း " ခေါင်းစဉ်ပါ စွန့်စားမှုခရီးကို သွားရမယ့်လမ်း တွေဟာ ဘယ်တော့မှ မဝေး ကွာကြောင်းကို ကိုယ်တိုင်အတွေ့အကြုံများဖြင့် ဥပမာပေး၍ လည်းကောင်း၊ မယမင်းရွှေစင် ယမင်း-ရွှေတောင်က " မကြည်လင်တဲ့ စိတ်နေစိတ်ထားတွေကို တွန်းလှန်ကြပါစို့" ခေါင်းစဉ်ပါ အချက် (၇)ချက်ကိုလည်းကောင်း အသီးသီး ဆွေး နွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော မျိုးဆက်သစ်လူငယ်များက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စာရေးဆရာကြီးများနှင့် မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment