MNP ၊ နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ယနေ့နံနက်ပိုင်းက တောင်သူများအား ကြွေးကျန်အတည်ပြုရယူခြင်း နှင့် အမြန်ဆုံးပြေကျေစွာပေးဆပ်စေရေးဆွေးနွေးပြောဟောပွဲပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ ရွှေတောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်သီသီလှိုင်က NPLတောင်သူများအားကြွေးကျန်အတည်ပြုရယူခြင်း နှင့် အမြန်ဆုံးပြေကျေစွာပေးဆပ်စေရေးဆွေးနွေးခဲ့ပြီးNPLတောင်သူများကြွေးကျန်အတည်ပြုရယူခြင်း အမြန်ဆုံးပြေကျေစွာပေးဆပ်နိုင်မှသာ ဆောင်းသီးနှံစိုက်ပျိုးစရိတ်များ အဆင်ပြေ ချောမွေ့စွာ ထုတ်ချေးပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ရာ တောင်သူ များကသိရှိလိုသည်များကိုပြန်လည်မေးမြန်းခဲ့ကြကြောင်းသိရသည်။အဆိုပါဟောပြော ဆွေးနွေးပွဲသို့ ရွှေတောင်မြို့နယ်၊သရက်တပင် ကျေးရွာအုပ်စုနှင့် တည်ကုန်းကြီး ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ (၇၈)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment