၂၀-၁၁-၂၀၂၃ ရက်နေ့ ဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀-၁၁-၂၀၂၃ ရက်နေ့ ဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ်အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်



MNP ၊ နိုဝင်ဘာ ၂၀

ဒီနေ့မှာတော့ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီး ကောလာဟလများ ထုတ်လွှင့်နေတာကို တွေ့ရပါတယ်။ တစ်ချို့သောမြို့နယ်တွေမှာ အခြေခံပညာ ကျောင်းတွေနဲ့ပတ်သက်ပြီး ကျောင်းပိတ်ရမယ့်အခြေအနေရှိတယ်၊ ကျောင်းပိတ် မယ်ဆိုတာမျိုးတွေကို ကောလာဟလထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မည်သည့်ကျောင်းမှ ပိတ်တာမရှိပါဘူး။ ပုံမှန်အတိုင်း ဆက်လက်ဖွင့် လှစ်သွားမယ်ဆိုတာကို ပြောကြားလိုပါတယ်။ ဒါတွေကို ကျွန်တော်မနေ့ကပြောခဲ့ သလိုမျိုး နိုင်ငံတော်ရဲ့ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍတွေကို ထိခိုက်ပျက်စီးစေ လိုတဲ့ ပြည်တွင်းပြည်ပအဖျက်သမားတွေက ကောလာဟလထုတ်လွှင့်နေတာဘဲ ဖြစ်ပါတယ်။ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ စိတ်အေးချမ်းသာစွာ ဆက်လက်ပညာသင်ကြားကြဖို့ ပြောကြားလိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အနေနဲ့ တက္ကသိုလ်၊ ကောလိပ်တွေကိုလည်း ဒီလ ၂၃ ရက်နေ့ မှာ ပြန်ဖွင့်မှာဖြစ်ပါတယ်။ ၁၆ ရက်နေ့ကနေစပြီး ကျောင်းအပ်လက်ခံနေပြီဖြစ်ပါ တယ်။ လက်ခံတဲ့နေရာမှာ အရင်နှစ်ကထက် ပိုမိုလက်ခံရရှိကြောင်း တွေ့ရပါတယ်။ ဒီကြားထဲမှာတော့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အဝေးသင်စာမေးပွဲတွေ ဖြေဆိုရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာတော့ လုံခြုံရေးအခြေအနေအရ လွိုင်ကော်နဲ့ ကသာမှာ ဘဲ ဖြေဆိုလို့မရခဲ့တာ ရှိပါတယ်။ အဲဒီဒေသတွေမှာ စာမေးပွဲတွေကို ဆိုင်းငံ့ထား ပြီးတော့ ပြန်လည်ဖြေဆိုသွားမှာ ဖြစ်ပါတယ်။


နောက်တစ်ခုကတော့ ကျွန်တော်တို့နယ်စပ်ဒေသတွေမှာ တရားမဝင်ဝင် ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ထပ်မံလွှဲပြောင်းမှု ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ မှာတော့ တရုတ်နိုင်ငံသား ကျား(၉၈၂)ဦး၊ မ(၆၀)ဦး၊ စုစုပေါင်း (၁၀၄၂)ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အောင်မြင်စွာလွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အောက်တို ဘာလ(၃၁)ရက်နေ့ကနေ နိုဝင်ဘာလ(၂၀)ရက်နေ့အထိ အမျိုးသား (၁၉၁၇) ဦး၊ အမျိုးသမီး(၁၄၂)ဦး စုစုပေါင်း (၂၀၅၉)ဦးကို လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရေး၊ နယ်စပ်ဒေသများတည်ငြိမ်အေးချမ်း ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း ပြောကြား လိုပါတယ်။


ထိတွေ့တိုက်ပွဲအခြေအနေများ အနေနဲ့ကတော့ ရှမ်းပြည်နယ်(အရှေ့မြောက်) ဒေသမှာတော့ နမ့်ခမ်းမြို့ထဲကို ကျွန်တော်တို့ လုံခြုံရေးပြန်လည်ရရှိရေး ဆောင် ရွက်နေတဲ့နေရာမှာ ထိတွေ့တိုက်ပွဲတစ်ချို့ ရှိခဲ့ပါတယ်။ တာမိုးညဲနဲ့ နမ့်စလပ် မှာတော့ Drop Bomb တွေနဲ့လာပြီး တိုက်ခိုက်ခဲ့တာရှိပါတယ်။ သိန္နီဘက်မှာတော့ မြို့ထဲမှာလုံခြုံရေးပြန်လည်ရရှိရေးအတွက် စိုးမိုးမှုပြန်လည်ရရှိရေး ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ လွိုင်ကော်ရဲ့အရှေ့တောင် ဘက်မှာ ထိတွေ့တိုက်ပွဲတစ်ချို့ ဖြစ်ပွားခဲ့တာရှိပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာ တော့ မနေ့ကလိုဘဲ ထရွန်အိုင်နဲ့နုန်းဘူးစခန်းတွေကို လာရောက်ပစ်ခတ်တာရှိပါ တယ်။ အဲဒီမှာ တပ်မတော်သားတွေအနေနဲ့ ရွပ်ရွပ်ချွံချွံပြန်လည်ခုခံပြီး ပြန်လည် ချေမှုန်းခဲ့တဲ့အတွက် ရန်သူ့ဘက်မှာအကျအဆုံးများစွာ ရှိခဲ့ပါတယ်။ ဒဏ်ရာရမှု များစွာရှိခဲ့တယ်လို့ ကျွန်တော်တို့ သိခဲ့ရပါတယ်။ ဒီနေ့မှာ ပြောချင်တာကတော့ နိုင်ငံတော်ရဲ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ကောလာဟလသတင်းတွေကို အချိန်ကိုက်ထုတ်လွှင့်နေတာ ရှိပါတယ်။ ပြည်တွင်းပြည်ပ အဖျက်သမားများက  ပြည်ဖျက်မီဒီယာများနဲ့ ပူးပေါင်းပြီး ထုတ်လွှင့်နေတာဖြစ်ပါတယ်။ ထင်ယောင်ထင် မှားဖြစ်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ စီးပွားရေးအရ စက်သုံးဆီကဏ္ဍကို တိုက်ခိုက်ခဲ့တာရှိပါတယ်။ ဘဏ်လုပ်ငန်းတွေကို တိုက်ခိုက်ခဲ့တာရှိတယ်။ အခု ပညာရေးကဏ္ဍကို တိုက်ခိုက်တဲ့နေရာမှာတော့ ကောလာဟလဆိုတာထက် ကျောင်း တွေမှာ တီးတိုးဝါဒဖြန့်တဲ့ပုံစံမျိုးဖြစ်ပြီး ပြီးမှကောလာဟလဖြန့်တဲ့ပုံစံမျိုးနဲ့ ကျောင်းတွေပိတ်မယ်ဆိုတာမျိုးတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ပြောကြားလိုတာကတော့ ကျွန်တော်တို့ပြည်သူလူထုအနေနဲ့၊ ကျောင်း သူကျောင်းသားတွေအနေနဲ့၊ မိဘတွေအနေနဲ့ မိမိတို့နိုင်ငံရဲ့အနာဂါတ် ကျောင်းသား ကျောင်းသူတွေရဲ့အနာဂါတ်ကို လာရောက်ထိခိုက်စော်ကားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဒီလိုအဖျက်သမားတွေကို ကျွန်တော်တို့နိုင်ငံတော်အစိုးရ၊ ပြည်သူလူထု နဲ့ အားလုံးပူးပေါင်းပြီးတော့ ချေမှုန်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြောကြား လိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)