ယနေ့ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ၊ လူမဆန်တဲ့ လုပ်ရပ်တွေကို တိုင်းတပါးသားတွေက လုပ်နေတာ မဟုတ်ဘူး။ ပြည်ပသြဇာခံ တိုင်းရင်းသား ညီအစ်ကိုများလို့ ဆိုတဲ့ ကျုပ်တို့ရဲ့ အမျိုးများက လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ရာမှာ ကရင်၊ ကချင် ကပဲ လုပ်ဆောင်နေတာလား ဆိုတော့ မဟုတ်ဘူး။
ကရင်၊ ကချင်၊ ကယား၊ ချင်း၊ ဗမာ၊ ရခိုင် အားလုံးထဲမှာ အမျိုးယုတ်တွေ ရှိတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ သက်တမ်းတလျှောက် ရခိုင်ပြည်နယ်မှာ အေးချမ်းနေပါလျက်နဲ့ အမျိုးယုတ် AA က တိုက်ခိုက်မှုတွေ လုပ်လာတော့ တည်ငြိမ်အေးချမ်းမှု မရှိတော့ဘူး။ ကျုပ်တို့ ဗမာတွေ မိုက်လုံးထွားပြီး ကိုယ့်ဗမာအချင်းချင်း ရက်စက်စွာ သတ်ဖြတ်နေကြချိန် ရခိုင်တိုင်းရင်းသားတွေကို စံထားပြီး လေးစားမိတယ်။ ကိုယ့်တိုင်းရင်းသား ပြည်သူကို အတိဒုက္ခရောက်အောင် မလုပ်ကြဘူးပေါ့။ ဘယ်ဟုတ်လို့တုန်း အမျိုးယုတ်များက သူတို့ကို ခိုင်းမယ့်သူ မရှိသေးလို့ စောင့်နေတာ။ တိုင်းဖျက် ပြည်ဖျက် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်ဖို့ ခိုင်းစေလာပြီ ဆိုတာနဲ့ သူတို့ရဲ့ အမျိုးယုတ် ဇာတိသရုပ်ကို ပြကြတော့တာပဲ။
ကရင်လက်နက်ကိုင်အဖွဲ့ ဆိုသည်များကလည်း ကရင်ပြည်နယ်အတွင်းမှာ အများပြည်သူအသုံးပြုနေတဲ့ လမ်းတံတားတွေကို ဖျက်ဆီးလိုက်တာ တဂျိမ်းဂျိမ်းပေါ့။ ဗမာ လူရမ်းကားလေးတွေကို အကြမ်းဖက်သင်တန်းပေးပြီး တိုက်ပွဲတွေ ဖော်ဆောင်လိုက်ကြတာ ဒေသခံတိုင်းရင်းသား ပြည်သူတွေမှာ စစ်ဘေးဒုက္ခသည်တွေဖြစ်လို့။
ကချင်လက်နက်ကိုင်ဆိုသူများကလည်း တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ပြီး လမ်းတံတားတွေ ဖျက်ဆီးပြန်ရောဗျာ။ အမျိုးယုတ်များရဲ့ ယုတ်ကန်းတဲ့ သဘောသဘာဝကလည်း သိပ်တော့ ထူးမခြားနားပဲ။
ဗမာ လူရမ်းကား များကတော့ အမျိုးယုတ်များစာရင်းထဲမှာ ထိပ်ဆုံးက နံပါတ်တစ်ပါပဲ။ KNU ထံမှာ တပည့်ခံ အကြမ်းဖက်သင်တန်းတက်ပြီးတော့လည်း သူတို့ရဲ့ အမျိုးယုတ် ဇာတိသရုပ်ကို ပြတယ်။ KIA ထံမှာ တပည့်ခံ သံဃာတော်၊ ဆရာ/ဆရာမတွေကို သတ်ဖြတ်တဲ့အထိ ယုတ်ကန်းကြတယ်။
အားမရနိုင်သေးဘူး။ ယခု လက်တလော ရှမ်းပြည်(မြောက်ပိုင်း) မှာ ဖြစ်ပေါ်လာခဲ့တဲ့ MNDAA, TNLA, AA အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့လည်း သူတို့ရဲ့ အမျိုးယုတ်ဇာတိသရုပ်ကို ပြပါတယ်။ ဗမာအမျိုးယုတ်များဟာ ချင်းနဲ့ ပေါင်းပြီးတော့လည်း ယုတ်ကန်းနေကြတာ ရှိတယ်။ ကရင်နီနဲ့ ပေါင်းပြီးတော့လည်း ယုတ်ကန်းလွန်းတဲ့ လုပ်ရပ်တွေ လုပ်နေကြတာ ရှိပါတယ်။
နောက်ဆုံး လွိုင်ကော်တက္ကသိုလ်ကြီးကို သိမ်းတယ်ဆိုတဲ့ KNPP/PDF တွေရဲ့ လူမဆန်တဲ့ လုပ်ရပ်ကို တွေ့ကြတယ်မဟုတ်လား။ ဒေသခံပြည်သူ မျိုးဆက်သစ် လူငယ်တွေရဲ့ အနာဂတ်ကို ရိုက်ချိုးဖျက်ဆီးရုံးမျှ အားမရနိုင်ဘဲ အခြေခံ အုတ်မြစ်ကိုပါ တူးဖော်ဖျက်ဆီးလိုတဲ့ အထိ ယုတ်ကန်းလွန်းလာတယ်။
အဲဒီအမျိုးယုတ်တွေဟာ သူတို့စိတ်ထဲ ထင်ရာမြင်ရာ ဆင်ခြင်တုံတရား ကင်းမဲ့စွာ လုပ်နေကြတာပါ။ လွိုင်ကော်တက္ကသိုလ်ဆိုတာ နစကအစိုးရ ဆောက်ထားတာ မဟုတ်ဘူး။ ၂၀၀၃ ခုနှစ်ကတည်းက ဆောက်လုပ်ထားတဲ့ တကသိုလ်ကြီးပါ။ ဒါကို တပ်မတော်အကြီးအကဲများက စိုက်ထုတ်ပြီးတော့ စိုက်ထားတာလည်း မဟုတ်ဘူး။ နိုင်ငံဘဏ္ဍာငွေ၊ ပညာရေးဘက်ဂျက်ထဲကပဲ ဆောက်လုပ်ထားတဲ့ ကျောင်းဖြစ်ပါတယ်။ ဦးသန်းရွှေရဲ့ ပုဂ္ဂလိကကျောင်း မဟုတ်သလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပုဂ္ဂိလိကကျောင်းလည်း မဟုတ်ပါဘူး။ ဒါကြောင့် အမျိုးယုတ်တွေရဲ့ လုပ်ရပ်တွေဟာ တပ်မတော်ကို တော်လှန်တိုက်ခိုက်နေတာလို့ ပြောရင် ယုတ္တိမရှိဘူး။ ပြည်သူကို တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။
KNU, KIA, KNPP, PDF, MNDAA, TNLA အကြမ်းဖက်အဖွဲ့အစည်းများ ဖျက်ဆီးခဲ့တဲ့ ကားလမ်း၊ ရထားလမ်း ဆိုတာတွေဟာ တပ်မတော်ခေါင်းဆောင်တွေရဲ့ ကိုယ်ပိုင်ငွေကြေးနဲ့ ဖောက်လုပ်ထားတဲ့ လမ်းဆိုတာ မရှိဘူး။ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေစေဖို့ နိုင်ငံဘဏ္ဍာနဲ့ စီမံဖောက်လုပ်ထားတဲ့ လမ်း၊ တံတားတွေ ဖြစ်ပါတယ်။
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေက မြို့သိမ်းတိုက်ပွဲ၊ ရွာသိမ်းတိုက်ပွဲတွေလည်း ဆင်နွှဲကြသေးလေရဲ့။ သူတို့က မြို့တွေ၊ ရွာတွေမှာရှိတဲ့ တပ်စခန်းတွေကို သိမ်းတာလားဆိုတော့ မဟုတ်ဘူး။ မြို့ရွာထဲက ပြည်သူလူထုကို အတိဒုက္ခရောက်အောင် လုပ်ပြီး မြို့သိမ်းတယ်လို့ ဝံ့ကြွားနေကြတာ။ တပ်ကလာနှိမ်နင်းရင်း ပြေးကြရပြန်ရော။
ဒီလောက်ပဲ အကျဉ်းချုပ် ရေးပြချင်ပါတယ်။ အမျိုးယုတ်တွေရဲ့ ဇာတိသရုပ်ကို မြင်ကြပြီလား။ အမျိုးတွေဟာ တပ်မတော်ကို တိုက်ခိုက်နေတာလား။ ပြည်သူလူထုကို တိုက်ခိုက်နေတာလား။ တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းကြီးကို ပျက်ပြားစေကြောင်း ကြံစည်တာတော့ မှန်ပါရဲ့။ သို့သော် ပြည်ပသြဇာခံ အမျိုးယုတ်တွေ လုပ်သမျှ လုပ်ရပ်တိုင်းဟာ ပြည်သူလူထုကိုသာ ထိခိုက်နစ်နာစေခြင်းဖြစ်ပါကြောင်း . . . . .
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment