MNP ၊ နိုဝင်ဘာ ၂၀
အကြမ်းဖက်သောင်းကျန်းသူများ၏ နောက်ကွယ်မှ ကူညီပံ့ပိုးပေးနေသော နိုင်ငံများအား ကန့်ကွက်ကြောင်း သံဃာတော်များနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက နေပြည်တော်၊ သပြေကုန်းအဝိုင်းတွင် ယနေ့ နေ့လည်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်သူများက မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်ပြီး ပြည်သူများ အတိဒုက္ခရောက်စေရန် အကြမ်းဖက်သောင်းကျန်းသူများ၏ နောက်ကွယ်မှ ကူညီပံ့ပိုးပေးနေသော နိုင်ငံများအား ကန့်ကွက်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းနေသူများအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရန် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ပိတောက်လမ်း၊ သပြေကုန်းဈေးရှေ့တွင် စုဝေး၍ ပြည်တွင်းရေးကိုဝင်ရောက်နှောက်ယှက်သူများအားဆန့်ကျင်ကြ၊ အကြမ်းဖက်လုပ်ရပ်တွေချက်ချင်းရပ်၊ မြန်မာပြည်တစ်ဝှမ်းမှာ ငြိမ်းချမ်းရေးပန်းတွေပွင့်လမ်းပါစေ၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား အလိုမရှိ၊ အလိုမရှိ၊ ပြည်ထောင်စုကို ဖြိုခွဲမည့်အကြံ ဒို့လက်မခံ၊ အမိမြေကိုကာကွယ်ကြ၊ ပြည်ထောင်စုကို စုပေါင်းကာကွယ်ကြ" စသည့် ကြွေးကြော်သံများရေးသားထားသည့် ဗီနိုင်းများကိုင်ဆောင်ပြီး သံပြိုင်ကြွေးကြော်၍ လမ်းလျောက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက မြန်မာပြည်အတွင်း တည်ငြိမ်အေးချမ်းရေး အကြမ်းဖက်အဖွဲ့အစည်းများကို ပံ့ပိုးပေးနေသည့် ပြည်ပနိုင်ငံများအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒဖော်ထုတ်ပွဲများကို နေပြည်တော်၊ ရန်ကုန်၊ မော်လမြိုင် တို့တွင် ဆက်တိုက် ကျင်းပဆောင်ရွက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment