အကြမ်းဖက်သောင်းကျန်းသူများ၏ နောက်ကွယ်မှ ကူညီပံ့ပိုးပေးနေသော နိုင်ငံများအား ကန့်ကွက်ကြောင်း မန္တလေးမြို့တွင် အမျိုးသားရေး သံဃာတော်များနှင့် အဖွဲ့အစည်းများက ဆန္ဒပြ - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြမ်းဖက်သောင်းကျန်းသူများ၏ နောက်ကွယ်မှ ကူညီပံ့ပိုးပေးနေသော နိုင်ငံများအား ကန့်ကွက်ကြောင်း မန္တလေးမြို့တွင် အမျိုးသားရေး သံဃာတော်များနှင့် အဖွဲ့အစည်းများက ဆန္ဒပြ







MNP ၊ နိုဝင်ဘာ ၂၀

အကြမ်းဖက်သောင်းကျန်းသူများ၏ နောက်ကွယ်မှ ကူညီပံ့ပိုးပေးနေသော နိုင်ငံများအား ကန့်ကွက်ကြောင်း မန္တလေးမြို့၊ နန်းမြေဘုံသာစံနန်းတော်ရာစန္ဒာမုမိ ဘုရားကြီး မုခ်ဦးတွင် သံဃာတော်များနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ယနေ့ ညနေပိုင်းတွင် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်သူများက မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်ပြီး ပြည်သူများ အတိဒုက္ခရောက်စေရန် အကြမ်းဖက်သောင်းကျန်းသူများ၏ နောက်ကွယ်မှ ကူညီပံ့ပိုးပေးနေသော နိုင်ငံများအား ကန့်ကွက်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်းနေသူများအား ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ဘုရားကြီးရှေ့တွင် စုဝေး၍ ပြည်တွင်းရေးကိုဝင်ရောက်နှောက်ယှက်သူများအား ဆန့်ကျင်ကြ၊ အကြမ်းဖက်လုပ်ရပ်တွေ ချက်ချင်းရပ်၊ မြန်မာပြည်တစ်ဝှမ်းမှာ ငြိမ်းချမ်းရေးပန်းတွေပွင့်လမ်းပါစေ၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား အလိုမရှိ၊ အလိုမရှိ၊ ပြည်ထောင်စုကို ဖြိုခွဲမည့်အကြံ ဒို့လက်မခံ၊ အမိမြေကိုကာကွယ်ကြ၊ ပြည်ထောင်စုကို စုပေါင်းကာကွယ်ကြ" စသည့် ကြွေးကြော်သံများရေးသားထားသည့် ဗီနိုင်းများကိုင်ဆောင်ပြီး သံပြိုင်ကြွေးကြော်၍ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ 

ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေမှုများနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ကန့်ကွက်ရခြင်းနှင့် ပတ်သက်၍ ဆရာတော် ဦးစန္ဒာသီရိ က "အကြမ်းဖက်အဖွဲ့အစည်းတွေကို လက်နက်၊ ငွေကြေး ထောက်ပံ့ပေးနေမှုတွေဟာ မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေခြင်းဖြစ်တယ်။ ဒါကိုတွေ ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ကို တရုတ်က ကူညီနေသလား။ တရုတ်အစိုးရအနေနဲ့ အိမ်နီးချင်းကောင်းပီသစေချင်တယ်။ အကြမ်းဖက်အဖွဲ့တွေကို တရုတ်အစိုးရအနေနဲ့ လုံးဝ အားပေးအားမြှောက် မလုပ်ဖို့၊ ကူညီပံ့ပိုးတာတွေ မလုပ်ဖို့ အဓိက တောင်းဆိုပါတယ်။" ဟု ပြောသည်။

ဆန္ဒဖော်ထုတ်ခြင်း ကို ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)