စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်၊ မုံရွာမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ကျန်းမာရေးဆေးစစ်ပေးနေမှု သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်၊ မုံရွာမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား ကျန်းမာရေးဆေးစစ်ပေးနေမှု သွားရောက်ကြည့်ရှုအားပေး




MNP ၊ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ်၊ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်း အနားနှင့် (ဒုတိယအကြိမ်) သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စုပေါင်းမဟာဘုံကထိန်ပွဲတော် အား စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးကော်မတီအဖွဲ့ဝင်များမှ မိမိတို့ကဏ္ဍများအလိုက် ဆောင်ရွက်သွားရမည့်လုပ်ငန်းများအား တာဝန်ကျေပွန်စွာဖြင့် ဆောင်ရွက်သွားကြရန်လိုအပ်ပါ ကြောင်း၊ ကော်မတီများအနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်မှုအပေါ်လိုအပ်သည်များကို မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ ဆွေးနွေးတင်ပြသွားကြရန် လိုအပ် ပါကြောင်း၊ ပင့်သံဃာဆရာတော်ကြီးများ အချိန်မီရောက်ရှိရေး၊ သွားလာမှုအဆင်ပြေစေရေးနှင့် ဆွမ်းဆက်ကပ်ရေးတို့အတွက် မော်တော်ယာဉ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် လိုအပ်ချက်များမရှိအောင် အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊


ဒုတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်မည့် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကြီးကိုလည်း အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီများဖွဲ့စည်းကာ တာဝန် များပေးအပ်ထား ပြီးဖြစ်ပါကြောင်း၊ ကော်မတီအဖွဲ့များမှလည်း အချင်းချင်းပူးပေါင်းဆောင် ရွက်ရမည့်လုပ်ငန်း များအား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူ ရာတွင် သက်ဆိုင်ရာဌာနများအလိုက် စနစ်တကျ လောင်းလှူနိုင်ရေးအတွက် နေရာများသက် မှတ်စီစဉ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ကော်မတီအဖွဲ့များအနေဖြင့်လည်း လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ သတိတို့ဖြင့် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် စုပေါင်းမဟာဘုံကထိန်နှင့် ဒုတိယအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်း ဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဝင်းမြတ်စိုးက ကော်မတီများဖွဲ့စည်းထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွား မည့်လုပ်ငန်းအခြေအနေများအား ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ စုပေါင်းမဟာဘုံကထိန်နှင့် ဒုတိယအကြိမ် သံဃာအပါး ၁၀၀၀ ဆွမ်းဆန် စိမ်းလောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး စည်ပင် သာယာရေးအဖွဲ့မှ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းများအား လည်းကောင်း၊ မုံရွာခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖိတ်ကြား/ကြိုဆို/နေရာချထားရေး လုပ်ငန်းများအားလည်းကောင်း၊ တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနှမှ သံဃဝေယျာဝစ္စဆောင်ရွက်ရေး နှင့်နေရာချထားရေး လုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံကျွေးမွေးရေးအား လည်းကောင်း၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ပဒေသာပင်လက်ခံရေးနှင့် စာရင်းပြုစုရေးအား လည်းကောင်း၊ တိုင်းဒေသကြီး ပို့ဆောင်ရေးနှင့် စီမံကိန်းဦးစီးဌာနမှ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းများအားလည်းကောင်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေးလုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများအား လည်းကောင်း၊ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များအား လည်းကောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးမှ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများ နှင့်ပတ်သက်၍ လည်းကောင်း အသီးသီးဆွေးနွေး တင်ပြကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စုပေါင်းမဟာဘုံကထိန်နှင့် ဒုတိယအကြိမ် သံဃာအပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း များနှင့် ပတ်သက်၍ အသီးသီးဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကုသိုလ်ယူစီစဉ်မှုဖြင့် မုံရွာမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ နိုင်ငံတော်သြဝါဒစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် (သုဓမ္မာ/ရွှေကျင်) ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး သံဃနာယက အဖွဲ့ (သုဓမ္မာ/ရွှေကျင်) ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝိနည်းဓိုရ်ဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကအဖွဲ့ (သုဓမ္မာ/ရွှေကျင်) ဆရာတော်ကြီးများအား မုံရွာမြို့၊ ကုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဆေး စစ်ပေးနေမှုများအားဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ဆရာတော်ကြီး အပါး ၆၀ အား ကျန်းမာရေးဆေးစစ်ပေးနေမှုအား တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက သွားရောက်ဖူးမျှော် ကြည်ညိုခဲ့ကြပြီး ဆေးစစ်ပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ ဆရာတော်ကြီးများထံ ကျန်းမာရေးအခြေအနေများအား လျှောက်ထားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။    


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)