MNP ၊ နိုဝင်ဘာ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လယ်ဝေးမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ပထမနေ့အဖြစ် လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်စိုးဝင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများက လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲဆန္ဒရှင်များက မဲပေးစက်၏ ထိန်းချုပ်စက်(Control Unit) ကို ကိုင်တွယ်ဆောင်ရွက်ခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ်မှန်/မမှန်စိစစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်တွေ့မဲပေးဆောင်ရွက်ခြင်းအား နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းနှစ်ပိုင်းခွဲ၍ဆောင်ရွက်ရာ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇ ရပ်ကွက်များ၊ ရေအိုးစဉ်၊ လယ်တာကြီး၊ သရက်ချောင်း၊ ဥသျှစ်လှိုင်း၊ သစ်ဆိမ်ပင်၊ မြွေရိုးကျောင်းစု၊ သက်ကယ်ချင်း၊ ရှားချောင်း၊ ကြို့ကုန်း၊ ကြို့ပင်၊ ဝက္ကမူ၊ ဒလန့်ချွန်၊ စွယ်တော်မျှောင်၊ မင်းပြင်ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း ၆၅၀ ဦး တက်ရောက်ခဲ့ကြသည်။
လယ်ဝေးမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၇ ခုရှိရာ မဲပေးနည်းစနစ် MEVM ဖြင့် လက်တွေ့သရုပ်ပြခြင်းများအား နိုဝင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment