ဘယ်တော့မှ မရှုံးတဲ့ တပ်မတော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘယ်တော့မှ မရှုံးတဲ့ တပ်မတော်


တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်ရဲ့ သမိုင်းကြောင်းကို အကျဉ်းချုပ်ပြောရင် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အစိုးရ ကို တော်လှန်ဖို့ ရဲဘော်သုံးကျိပ်နဲ့ သန္ဓေတည်ခဲ့တာကနေ စပြောရပါလိမ့်မယ်။ ရှေးဘုရင်များ လက်ထက် သမိုင်းကြောင်းကိုတော့ ဖော်ပြဖို့ မလိုတော့ပါဘူး။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်အစိုးရကို တော်လှန်တိုက်ထုတ်ပြီး တိုင်းပြည်ကို ကိုယ့်မင်းကိုယ့်ချင်းဖြစ်အောင် ဦးဆောင်ခဲ့ကြတာလည်း ရဲဘော်သုံးကျိပ်က စခဲ့တဲ့ မြန်မာ့တပ်မတော်ပဲ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်တို့သည် ဂျပန်၌ စစ်ပညာသင်ကြားခဲ့ကြပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) ကို စတင်စုဖွဲ့ တည်ထောင်ခဲ့ကြတယ်။ အဲဒီကမှတဆင့် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)၊ ဗမာ့အမျိုးသားတပ်မတော် (BNA)၊ ဗြိတိသျှ(အင်္ဂလိပ်) နယ်ချဲ့တို့ အခေါ်အဝေါ်အရ မျိုးချစ်တပ်မတော် (PBF)ဟူ၍ တစတစ ပြောင်းလဲဖွဲ့စည်းခဲ့ကြတာ ဖြစ်ပါတယ်။ နယ်ချဲ့ဝါဒီများကို ဦးဆောင်တိုက်ထုတ်ဖို့ ဖွဲ့စည်းခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) က စတင်လိုက်တဲ့ တပ်မတော်ကို ယနေ့ အခေါ်အဝေါ်အားဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုပြီး မြန်မာ့တပ်မတော် (Myanmar Armed Forces) လို့ ခေါ်ပါတယ်။

တချို့သော ပုဂ္ဂိုလ်များကလည်း ဗမာ နဲ့ မြန်မာ ယနေ့တိုင်အောင် မကွဲပြားကြသေးပါဘူး။ ဗမာဆိုတာ လူမျိုး၊ ဒီနိုင်ငံကို ဗမာနိုင်ငံလို့ ခေါ်ဝေါ်သမုတ်နေမယ်ဆိုရင်တော့ ဗမာလူမျိုးကြီးဝါဒလို့ ရိုးစွပ်နိုင်ပါတယ်။ အဲဒီလို မဖြစ်ရလေအောင် ခေါင်းဆောင်ကြီးများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လို့ ခေါ်ဝေါ်သမုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အခုရေးသားဖော်ပြမယ့် ဆောင်းပါးက တပ်မတော်ရဲ့ သမိုင်းကြောင်း အပြည့်အစုံကို ပြောဖို့တော့ မဟုတ်ပါဘူး။ တစ်စိတ်တစ်ဒေသကို အများပြည်သူ သိစေလိုခြင်းငှာ တင်ပြမှာ ဖြစ်ပါတယ်။ 

ဒီတိုင်းပြည်အတွက် သန္ဓေတည်ခဲ့ပါပြီဆိုကတည်းက ဒီတပ်မတော်ဟာ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်ကိုလည်း တိုက်ထုတ်နိုင်ခဲ့တယ်။ မိမိတို့ကို စစ်ပညာသင်ပေးခဲ့တဲ့ ဂျပန် က မိမိတို့အပေါ်မှာ ရိုးသားမှုမရှိတဲ့အခါကြတော့လည်း တိုင်းပြည်နဲ့ လူမျိုးအကျိုးကို ကြည့်ပြီး အနီးဆုံး ရန်သူကို တိုက်ထုတ်ကြဖို့ နှိုးဆော်ပြီး တိုက်ထုတ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

တပ်မတော်ရဲ့ နိဒါန်းက အဲဒီလို ရှိခဲ့ပါတယ်။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ပြီး တိုင်းပြည်ထူထောင်ရေးတွေ လုပ်ကြမယ်ဆိုတော့ အကွဲကွဲအပြားပြား ဖြစ်လာကြတယ်။ ပြည်ပသြဇာခံ တချို့က ပဋိပက္ခတွေ ဖန်တီးလာတယ်။ တပ်မတော်ကို ဦးဆောင်ခဲ့တဲ့ တပ်မတော်သုံးရပ်၏ ဦးစီးခေါင်းဆောင်၊ စစ်သေနာပတိ၊ တပ်မတော်၏ မူလပထမ ဖခင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံသတ်ဖြတ်ခံရသည် အထိ ခေါင်းဆောင်ပိုင်းမှာ ဦးဆောင်မှုအပိုင်းမှာ ကွဲပြားမှုတွေ ဖြစ်ပေါ်လာခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်း မရှိတော့တဲ့နောက် တပ်မတော်ကို ဗိုလ်ချုပ်ကြီး နေဝင်း က ဦးဆောင်တဲ့အချိန်မှာတော့ ပြည်ပ ပယောဂတွေ၊ အဖျက်အမှောင့်တွေ၊ ပြည်တွင်းသောင်းကျန်းမှုတွေက ပိုလို့တောင်ဆိုးရွားလာခဲ့ပါတယ်။ မြန်မာပြည်ကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ အင်္ဂလိပ်များဟာ ယုတ်မာကောက်ကျစ်သော အကြံနဲ့ တိုင်းရင်းသား ပြည်သူများအကြား သွေးခွဲသပ်လျှိုမှုတွေကြောင့် ပေါ်ပေါက်လာခဲ့တဲ့ ပြည်တွင်း ပဋိပက္ခတွေ ဖြစ်ပါတယ်။ ကိုယ့်တိုင်းရင်းသား ခေါင်းဆောင်များဟာ မိမိတို့ အတွေးအမြင်နဲ့ ကိုယ့်တိုင်းပြည်ကို တည်ဆောက်ရမယ့်အချိန်မှာ အင်္ဂလိပ်ရဲ့ သြဇာခံ၊ အင်္ဂလိပ်တွေရဲ့ သွေးထိုးမှုကို နားယောင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေခြင်းကြောင့် ပြည်တွင်း ပဋိပက္ခများ ဆိုးရွားလာခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး နေဝင်း တပ်မတော်ကို ဦးဆောင်နေတဲ့ ကာလမှာ ဗမာပြည်ကွန်မြူနစ်ပါတီ၊ KNU တို့ဟာ အင်မတန် အင်အားကောင်းတဲ့ သောင်းကျန်းသူအဖွဲ့အစည်းများ ဖြစ်ပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့ က အင်းစိန်အထိ တက်သိမ်းခဲ့တဲ့အခြေအနေမျိုး ကျွန်တော်တို့ အဖိုး အဖွားများရဲ့ ပြောစကားအရ နားရည်ဝနေခဲ့တယ်။ သို့သော်လည်း KNU အောင်ပွဲမခံနိုင်ခဲ့ပါဘူး။ ဒါက သမိုင်းကြောင်းကို ပြောတာပါ။

ထိုစဉ်အချိန်ကတည်းက ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ အန္တရာယ်က ရှိနေခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်နဲ့ ပြည်သူကို သွေးခွဲပြီး တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ရယူလိုမှုပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး နေဝင်းမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ယနေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်ထိတိုင်အောင် ပြည်ဖျက်မိစ္ဆာမျိုးဆက် က အဆက်ပြတ်သွားတာမျိုး မရှိပါဘူး။ 

တပ်မတော်နဲ့ ပြည်သူကို ခေတ်အဆက်ဆက် သွေးခွဲခဲ့ကြတယ်။ အမုန်းတရားတွေ ဖြန့်ချိခဲ့ကြတယ်။ အများပြည်သူ အတိဒုက္ခရောက်အောင် ဖန်တီးခဲ့ကြတယ်။ အာဏာရလိုမှုနဲ့ တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဖန်တီးတာက သူတို့။ သူတို့ဆိုတာက ပြည်ဖျက်မိစ္ဆာတွေကို ပြောခြင်း ဖြစ်ပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်ရင် တိုင်းပြည်တွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခများကို ဖန်တီးတာဟာ ပြည်ဖျက်မိစ္ဆာများပဲ ဖြစ်ပါတယ်။ သူတို့ကပဲ အများပြည်သူ အတိဒုက္ခရောက်အောင် ဖန်တီးတယ်။ သူတို့ကပဲ ပြန်ပြီး တပ်မတော်ကြောင့် ဖြစ်ရသလိုလို ဝါဒဖြန့်တယ်။ ပြည်ပ သြဇာခံ ပြည်ဖျက်မိစ္ဆာတွေမှာ ဝါဒဖြန့်ချိတဲ့ ပညာ၊ အများပြည်သူကို နိုင်ငံရေးမှိုင်းတိုက်တဲ့ ပညာအရာမှာတော့ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သူတို့ကို အသုံးချနေတဲ့ အမေရိကန်၊ အင်္ဂလန်အပါအဝင် မြန်မာပြည်ကို အစဉ်သဖြင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ဖန်တီးလုပ်ဆောင်နေတဲ့ တိုင်းပြည်တွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ပြည်သူများကြားကို အမုန်းတရားတွေ စိမ့်ဝင်ပျံ့နှံ့အောင် ဆောင်ရွက်နိုင်တယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကစလို့ ယနေ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြမ်းဖက်ဘေးအန္တရာယ်တွေဆိုတာ ဘယ်သူတွေ ဖန်တီးတာလဲ။ အာဏာရမ္မက်ထနေတဲ့ အနောက်အုပ်စုရဲ့ သြဇာခံတွေပဲ မဟုတ်လား။ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ သြဇာခံ နီပိန်းတသိုက်ဟာ အာဏာလက်မဲ့ဖြစ်ပြီး မျောက်လက် သစ်ကိုင်းလွတ်၊ မပဋာမြေလူး၊ အရူးမီးဝိုင်းဖြစ်ပြီး အကြမ်းဖက်လှုံ့ဆော်မှု လုပ်ဆောင်လာကြတယ်။ ငါနဲ့ မတူ ငါ့ရန်သူ လုပ်ကြံသတ်ဖြတ်ဖို့ လှုံ့ဆော်ခိုင်းစေမှုတွေ လုပ်ဆောင်လာကြတယ်။ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ သြဇာခံ ပြည်ဖျက်မိစ္ဆာများဟာ သူတို့ ကြူးလွန်တဲ့ ပြစ်မှု မှန်သမျှကို တပ်မတော်ကိုချည်း ပုံချကြတာပဲ။ သူတို့က အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းလာတယ်။ သူတို့ကပဲ လက်ဦးမှု ယူပြီး တပ်မတော်ကို အကြမ်းဖက်စစ်တပ် လို့ သူတို့ရဲ့ ဝါဒဖြန့် မီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ပေးလိုက်တဲ့ အချိန်မှာ အများပြည်သူကြားမှာ သူတို့ရဲ့ လုပ်ကြံဖန်တီး ပြောဆို သုံးနှုန်းတဲ့ ဝေါဟာရတွေက တွင်ကျယ်လာပြန်တယ်။

နီပိန်းများရဲ့ တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ထားတဲ့ အကြမ်းဖက်လှုပ်ရှားမှုမှာ သူတို့က တပ်မတော်ကို (၆)အတွင်း အမှုန့်ခြေပစ်တော့မှာလိုလို၊ (၁)နှစ်အတွင်း အပြုတ်တိုက်တော့မှာလိုလို ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ပြီး သကာလ လှုံ့ဆော်သူများက နယ်စပ်ထွက်ပေါက်တွေကနေတဆင့် အမေရိကန်ရဲ့ အကူအညီရဲ့ အမေရိကန်အပါအဝင် အနာက်နိုင်ငံတွေကို အလုအယက် ထွက်ပြေးကြတော့တာပဲ။ သူတို့ရဲ့ လှုံ့ဆော်မှုတွေကို ယုံစားပြီး သူတို့ဖွဲ့စည်းတဲ့ အကြမ်းဖက်အဖွဲ့များထဲမှာ ပါဝင်ခဲ့ကြသူတွေကတော့ အကြမ်းဖက်သမားများအဖြစ်နဲ့ အများပြည်သူဆီက လုယက်၊ ဓားမြတိုက်စားရတဲ့ အခြေအနေမျိုးကို ရောက်သွားခဲ့တယ်။ ပြည်ပြေး ဝရမ်းပြေးတွေရဲ့ ခိုင်းစေမှုကြောင့်  အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြတယ်။ အများပြည်သူကို ထိခိုက်အောင် လုပ်ကြံဖို့ ကြိုးစားရင်းက မိုင်းကွဲ၊ ဗုံးကွဲပြီး သေရတဲ့ နီပိန်း အကြမ်းဖက်သမားတွေကိုလည်း များစွာ တွေ့မြင်လာရတယ်။

သူတို့တွေပဲ တစ်နေ့တစ်မျိုး မရိုးရလေအောင် အများပြည်သူကို ခြိမ်းခြောက်ပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ကြတယ်။ တပ်မတော်ကတော့ သူတို့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို နှိမ်နင်းရင်း တစ်ဖက် က တိုင်းပြု ပြည်ပြု လုပ်ငန်းတွေကိုလည်း အရှိန်မပြတ် ဆက်လက်လုပ်ဆောင်နေတာကို တွေ့ကြရမှာပဲ ဖြစ်ပါတယ်။

ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာများစာရင်းကို ပြန်လည် စစ်တမ်ထုတ်ကြည့်မယ်ဆိုရင် NLD ၊ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းလောက်သာ မြင်လို့ မရဘူးဗျ။ NLD ၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းအောက်မှာလည်း ပြည်ဖျက်မိစ္ဆာ စာရင်းဝင် အဖွဲ့ငယ်လေးတွေ ရှိတယ်။ နောက်တစ်ချက်က တိုင်းရင်းသားလက်နက်ကိုင် အမည်ခံပြီး ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေအဖွဲ့တွေကလည်း နည်းတာမှ မဟုတ်ဘဲ။

အခု လက်တလော ရှမ်းပြည်(မြောက်ပိုင်း)မှာ မြောက်ပိုင်းမဟာမိတ် အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတယ်။ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အပြစ်မဲ့ ပြည်သူတွေ သေဆုံးခဲ့ရတယ်။ အကြမ်းဖက်သောင်းကျန်းသူများက အလစ်အငိုက် တိုက်ပါပြီဆိုမှတော့ ထိခိုက် သေဆုံးရမှာပဲ။ အလစ်အငိုက် တိုက်ရင်တော့ ခံရတာပဲ။ ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်အဖွဲ့က အလစ်အငိုက် တိုက်လာတော့လည်း ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးခဲ့ရတာ ရှိတယ်။ လက်တလော အစ္စရေးကို ဟားမတ်စ်တွေက အလစ်အငိုက် တိုက်တော့ အစ္စရေးလည်း ခံရတာပဲ။ ခံရပြီးမှ တန်ပြန်ခြေမှုန်းရတာပဲ ဖြစ်တယ်။ အလစ် အငိုက် တိုက်ခိုက်ရင် အမေရိကန်လည်း ခံရတာပဲ ဆိုတာက 9/11 ဖြစ်စဉ်ကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ဘင်လာဒင် က အမေရိကန်မှာ ရှိတဲ့ World Trade စင်တာကို အလစ်အငိုက်တိုက်တာ လူပေါင်းများစွာ သေဆုံးခဲ့ရတာပဲ မဟုတ်လား။ IS က နိုင်ငံပေါင်းများစွာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်တော့လည်း ခံရတာပဲ။ ပြီးတော့မှသာ တန်ပြန်ခြေမှုန်းရေးကို လုပ်ဆောင်ကြရတာ ဖြစ်ပါတယ်။

ယခု ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာလည်း ပြည်ပသြဇာခံ အကြမ်းဖက်အဖွဲ့ပေါင်းများစွာက အကြမ်းဖက်သမားတွေရဲ့ သဘောသဘာဝအတိုင်းပဲ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာတဲ့အခါကြတော့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း အားလုံး ခံနေကြရတာပဲ။

အကြမ်းဖက်သမားများရဲ့ လက်ချက်နဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ၊ နိုင်ငံဝန်ထမ်းတွေ သေဆုံးရတဲ့အခါကြတော့ ပြည်သူများအနေနဲ့က သည်းမခံနိုင်တော့ဘူးပေါ့ဗျာ။ ဒါကြောင့်ပဲ တပ်မတော်ကို အစဉ်သဖြင့် အလေးထား တိုက်တွန်းတောင်းဆိုနေကြတာက အကြမ်းဖက်အဖွဲ့များကို ပြတ်ပြတ်သားသား နှိမ်နင်းပါ။ တပ်မတော်က အကြမ်းဖက်သမားများအပေါ် ပြတ်သားစွာ ခြေမှုန်းခြင်း မရှိတဲ့အတွက်ကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၊ နိုင်ငံဝန်ထမ်းများ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၃ခုနှစ်၊ အောက်တိုဘာ (၃၁)ရက်နေ့က ထွက်ပေါ်လာတဲ့ KIA ကို တုန့်ပြန်ခြေမှုန်းရခြင်းနဲ့ ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်မှာတော့ "သည်းခံနိုင်စွမ်း ကုန်ဆုံးပြီး သင့်လျော်သည့် တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း" ဆိုတဲ့ အချက်ကတော့ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်နှိမ်နင်းမှုကို ပြတ်ပြတ်သားသား ဆောင်ရွက်စေလိုတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်စေခဲ့တာ အမှန်ပါပဲ။ တကယ်တော့ KIA ဆိုတာ ဘာသာရေးအစွန်းရောက်မှုကို ရှေ့တန်းတင်ပြီး အာဏာလက်မဲ့ အရူးမီးဝိုင်းဖြစ်နေတဲ့ နီပိန်းတွေကို အသုံးချပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ဖို့ ရည်ရွယ်ချက် ရှိနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ နီပိန်းတွေကို အကြမ်းဖက်သင်တန်းပေးတယ်။ လက်နက်ခဲယမ်း ရောင်းချပေးတယ်။ နီပိန်း ပဒက် အကြမ်းဖက်သမားများကို KIA အဖွဲ့ဝင်များက ဦးဆောင်ပြီး သံဃာတော်တွေကို ဖမ်းဆီးသတ်ဖြတ်၊ ဆရာ/ ဆရာမတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် KIA ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို အများပြည်သူက သည်းခံနိုင်စွမ်း မရှိတော့တာ ကြာပါပြီ။ တပ်မတော်ကတော့ မနေ့တနေ့ကမှ သည်းခံနိုင်စွမ်း ကုန်ဆုံးပြီလို့ ကြေညာတာပါ။

ပြည်ဖျက်မိစ္ဆာများက သူတို့အနေနဲ့ စစ်မျက်နှာပေါင်းစုံက တိုက်ရင်တော့ဖြင့် တပ်မတော် ကျသွားလိမ့်မယ်လို့ ထင်ပုံရပါတယ်။ သူတို့ရဲ့ စစ်ရေးဗျူဟာပေါ့ဗျာ။ ရှမ်းပြည်(မြောက်ပိုင်း)မှာ မဟာမတ်အမည်ခံထားတဲ့ MNDAA, TNLA, AA သုံးဖွဲ့က တိုက်၊ KIA က ကချင်ပြည်နယ်မှာ တိုက်၊ အသုံးချခံ ပြည်ပြေး ဝရမ်းပြေး NUG ရဲ့ လက်ပါးစေ ပဒက်များက KIA က ဖန်တီးတဲ့ တိုက်ပွဲတွေမှာလည်း ရှေ့ဆုံးက သေပွဲဝင်၊ MNDAA, TNLA တို့ရဲ့ တိုက်ခိုက်မှုတွေမှာလည်း ရှေ့ဆုံးက သေပွဲဝင်တဲ့ နွားလေးတွေအဖြစ်နဲ့ ဝင်တိုက်ကြ။ အလစ်အငိုက် ဝင်တိုက်လိုက်နိုင်တဲ့အခဏတော့ ခွေးဝဲစားလေးများ အောင်ပွဲခံနေကြလေရဲ့ပေါ့ဗျာ။ 

သူတို့ရဲ့ အောင်ပွဲဆိုတာက တစ်ပတ်မခံပါဘူး။ တပ်မတော်က နှိမ်နင်းတဲ့အခါကြတော့ မအူနိုင်ကြတော့ပြန်ဘူး။ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်ပေးနေတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်သတ်ဖြတ်ပြီး အောင်ပွဲခံနေတဲ့ လူ့ငနွားတွေက သူတို့ကို တန်ပြန်ခြေမှုန်းတဲ့အခါကြတော့ အကြမ်းဖက်စစ်တပ်လို့ အော်ကြပြန်ရောဗျာ။

မည်သို့ပင် ဆိုစေကာမူ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေ ခေတ်အဆက်ဆက် တပ်မတော်နဲ့ ပြည်သူကို သွေးခွဲပြီး တိုင်းဖျက် ပြည်ဖျက် လုပ်ခဲ့တာတွေဟာ မအောင်မြင်ပါဘူး။ ဘာကြောင့် မအောင်မြင်တာလဲဆိုရင် သူတို့မှာ ရိုးသားမှု မရှိဘူး။ ပြည်သူ လူထုကို ခုတုန်းလုပ်ပြီး ကိုယ်ကျိုးရှာလိုမှုက အဓိက ဖြစ်နေတယ်။ တိုင်းပြည်နဲ့ လူမျိုး အကျိုးထက် သူတို့ရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ လိုလားချက်တွေကိုသာ အဓိထားတဲ့ ပြည်ပ သြဇာခံ ပြည်ဖျက်မိစ္ဆာတွေ ဖြစ်နေခြင်းကြောင့် သူတို့ရဲ့ အန္တိမရည်မှန်းချက်များဟာ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ပါဘူး။ တပ်မတော်သည်လည်း ဘယ်တုန်းကမှ မရှုံးခဲ့ပါဘူး။ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူတွေမှာ အကြိမ်ကြိမ်အခါခါ နစ်နာဆုံးရှုံးခဲ့ရတာကိုတော့ ပြည်သူများ သိရှိနားလည် သဘောပေါက် သင့်ပါပြီ။

တပ်မတော် ရှုံးရင် တိုင်းပြည်လည်း ပျက်ပြီ။ တပ်မတော်သာ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ လက်အောက် ရောက်သွားပြီဆိုရင် တိုင်းပြည်လည်း ခေတ်သစ်ကိုလိုနီတွေရဲ့ လက်အောက်မှာ ငါးပါးမှောက်သွားတော့မပေါ့။ တပ်မတော်က မရှုံးဘူး။ ပြည်ပသြဇာခံ ပြည်ဖျက်မိစ္ဆာတွေရဲ့ မရိုးနိုင်တဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရပ်တွေကြောင့် ပြည်သူတွေပဲ နစ်နာဆုံးရှုံးရတာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)