ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဥပဒေ ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် ဟာဗားနားမြို့၊ မြန်မာသံရုံး၊ ယာယီတာဝန်ခံ တို့ တွေ့ဆုံ ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဥပဒေ ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့် ဟာဗားနားမြို့၊ မြန်မာသံရုံး၊ ယာယီတာဝန်ခံ တို့ တွေ့ဆုံ ဆွေးနွေး




MNP ၊ နိုဝင်ဘာ ၂၃

ဟာဗားနားမြို့၊ မြန်မာသံရုံး၊ ယာယီတာဝန်ခံ ဦးဇော်နိုင်ဝင်း သည် ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဥပဒေရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သံအမတ်ကြီး H.E. Mr. Rodolfo Eliseo Benítez Verson အား ၂၂-၁၁-၂၀၂၃ ရက်နေ့၊ နံနက် (၁၀ ၀၀) နာရီတွင် ကျူးဘားနိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေမှန်များနှင့် နိုင်ငံတော် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံရေးအတွက် အစိုးရဘက်မှ ပြင်ဆင်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ မျက်နှာစာနှင့် အာဆီယံအဖွဲ့ကြီးတွင် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများနှင့်  မြန်မာနိုင်ငံ၏ ရပ်တည်ချက် သဘောထားများ စသည်တို့နှင့်စပ်လျဉ်း၍ အပြန်အလှန် အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)