ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနစ်ထပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင် လုပ်ငန်းများ (၈၀) ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်ခုနစ်ထပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင် လုပ်ငန်းများ (၈၀) ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီး








MNP ၊ နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် ခုနစ်ထပ်ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင် လုပ်ငန်းများ (၈၀) ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းခွင်သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရူစစ်ဆေးရာ ဆေးရုံတည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး) ဒေါက်တာ သီတာလှ နှင့် တာဝန်ရှိသူများက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် ခုနစ်ထပ်ဆောင်ကို မြို့ပြ၊ ရေသန့်၊ လျှပ်စစ် စသည်ဖြင့် အပိုင်းလိုက်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆေးရုံ အဆောက်အဦဆိုင်ရာများကို နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီအောင် တည်ဆောက်ကြရန်၊ လုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး အလေးထား ဆောင်ရွက်ကြရန်တို့ကို မှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့် ခုနစ်ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ် မေ (၂၇) ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ (၈၀) ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးလျှက်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)