MNP ၊ နိုဝင်ဘာ ၄
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦး သည် လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Saleumxay KOMMASITH အား ၃-၁၁-၂၀၂၃ ရက်နေ့၊ နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အွန်လိုင်းလောင်းကစား၊ ငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုများအား ပူးပေါင်း နှိမ်နင်းရေးနှင့် မဟုတ်မမှန် သတင်းမှားများအား ချေဖျက်နိုင်ရန် သတင်းမှန်များအား အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေနိုင်ရေး စသည့်အချက်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် သံအမတ်ကြီးက မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများနှင့် ပတ်သက်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ နောက်ခံသမိုင်းကြောင်း၊ တိုက်ပွဲများ ဖြစ်ပွားရသည့် ပကတိအခြေအနေ၊ အကြမ်းဖက်အဖွဲ့များ၏ နယ်မြေတည်ငြိမ်မှု ပျက်ပြားစေရန် လုပ်ဆောင်နေမှုများနှင့် အကြမ်းဖက်လုပ်ရပ်များကိုလည်းကောင်း၊ အစိုးရအနေဖြင့် အွန်လိုင်း လောင်းကစားမှုများနှင့် ငွေကြေးလိမ်လည်မှုများအား ထိထိရောက်ရောက် ကိုင်တွယ်အရေးယူနေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment