MNP ၊ နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာကကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု နည်းပညာသင်တန်းများမှ လုပ်ငန်းထူထောင်သူများအား "ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ" အခမ်းအနားကို ယမန်နေ့က ပြည်မြို့သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်ရာတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့က ဒေသဖွံဖြိုးရေး လုပ်ငန်းထူထောင်မည့်သင်တန်းသူ (၁၀) ဦးအား ဒေသဖွံဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါခန်းမအတွင်း ခင်းကျင်းပြသထားသော ဒေသဖွံဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည်ရှုစစ်ဆေးပြီး ဒေသဖွံဖြိုးရေးလုပ်ငန်း ထူထောင်မည့် သင်တန်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားကာ တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုဆက်
https://t.me/MyanmarNationalPost
No comments:
Post a Comment