MNP ၊ နိုဝင်ဘာ ၂၁
မွန်ပြည်နယ်တွင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လျက် ကဏ္ဍပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၃ ခုနှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ကျောင်းသားအားကစားကွင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်သည်။
ရှေးဦးစွာ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဘင်ခရာ၊ ပန်းပွားအဖွဲ့များက ကွင်းအတွင်းနေရာယူ၍ အားကစားသမားများက အားကစားသစ္စာဓိဌာန်ရွတ်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အားကစားအဆင့်အတန်း မြင့်မားလာရေးအတွက် ကျောင်းသားအားကစား ပြိုင်ပွဲကြီးဟာ အဓိကကဏ္ဍမှာ ပါဝင်လျက်ရှိကြောင်း၊ ပညာရေးဌာနမှ အကြီးအကဲများအနေနဲ့နှစ်စဉ် မွန်ပြည်နယ်အခြေခံပညာကျောင်းသားအားကစားပွဲကို ကျင်းပဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပြီး ကျောင်းသား အားကစားပြိုင်ပွဲကြီးကို တာဝန်ယူဆောင်ရွက်ပေးကြတဲ့ ကျင်းပရေးဆပ်ကော်မတီ အသီးသီးမှ ကာယဆရာ၊ ဆရာမများအနေနဲ့လည်း အရည်အချင်းပြည့်ဝပြီး စစ်မှန်ထူးချွန်တဲ့ အားကစားသမားများကို စနစ်တကျရွေးချယ်ကြဖို့ မှာကြားလိုပါကြောင်း၊ အားကစားပြိုင်ပွဲများအတွက် အောင်မြင်မှုရရှိခြင်းဟာ နိုင်ငံတော်၏ စည်းလုံးညီညွတ်မှု ဂုဏ်သိက္ခာနှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို ဖော်ဆောင်နိုင်ခြင်းဖြစ်သည့်အတွက် ယနေ့အခမ်းအနားမှာ ပါဝင်ကြသော အားကစားသမား မောင်မယ်များအနေနှင့် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ဖော်ဆောင်မြှင့်တင်နိုင်ရန် အားကစားသမားလက်ရွေးစင်များ ဖြစ်လာအောင် ကြိုးစားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အမှတ်(၈)အခြေခံပညာအထက် တန်းကျောင်းမှ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့ ကျောင်သူလေးများ၏ သရုပ်ပြတင်ဆက်နေမှုကိုလည်းကောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက Physical Fitness Dance အကဖြင့် သရုပ်ပြတင်ဆက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်ပညာရေးမှူးတို့က စည်းရုံးတက်ကြွအားပေးခြင်း အကောင်းဆုံးဆုနှင့် ဖွင့်ပွဲအခမ်းအနားဖြစ် မြောက်ရေးအတွက် ပါဝင်လှူဒါန်းပေးကြသော အလှူရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး ဘောလုံးပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ကျိုက်မရောမြို့နယ်ဘောလုံးအသင်းနှင့် ချောင်းဆုံမြို့နယ် ဘောလုံးအသင်းတို့၏ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မွန်ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲကို အမျိုးသား၊ အမျိုးသမီးဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်၊ ဘတ်စကတ်ဘောအားကစားနည်း (၇)နည်း ထည့်သွင်းကျင်းပခဲ့ပြီး မွန်ပြည်နယ် (၁၀)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှကျောင်းသား၊ ကျောင်းသူ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲအမျိုးအစားအလိုက် မော်လမြိုင်မြို့ပေါ်ရှိ အားကစားကွင်း၊ အားကစားရုံ၊ အားကစားခန်းမတို့၌ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၁၀ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ
https://t.me/MyanmarNationalPost
No comments:
Post a Comment