MNP ၊ နိုဝင်ဘာ ၁၉
၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့်ပွဲစဉ်အဖြစ် မြန်မာအသင်း နှင့် ယှဉ်ပြိုင်ရန် မြောက်ကိုရီးယားအသင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယမန်နေ့ နိုဝင်ဘာ ၁၈ရက် ညပိုင်းက ရောက်ရှိခဲ့သည်။
မြောက်ကိုရီးယားအသင်းသည် ရန်ကုန်မြို့ Inya Lake Hotel တွင် တည်းခိုမည်ဖြစ်ပြီး နိုဝင်ဘာလ ၁၉ရက်နေ့မှ စတင်ကာ လေ့ကျင့်ရေးအစီအစဉ်များ စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
2026 FIFA World Cup Qualification – AFC Second Round MYANMAR Vs DPR KOREA ပွဲစဉ်ကို ၂၁-၁၁-၂၀၂၃ ရက်နေ့ ညနေ (၄ ၀၀)နာရီတွင် သုဝဏ္ဏဘောလုံးကွင်းတွင် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြန်မာ - မြောက်ကိုရီးယား ပွဲစဉ်အတွက် လက်မှတ်များကို အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။။
ယင်းပွဲစဉ်အတွက် လက်မှတ်များကို နိုဝင်ဘာ ၂၀ရက်တွင် နံနက် ၁၀နာရီမှ ညနေ ၄ နာရီအထိလည်းကောင်း၊ နိုဝင်ဘာ ၂၁ရက်တွင် နံနက် ၁၀နာရီမှ နေ့လယ် ၂နာရီအထိ လည်းကောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွင် ဝယ်ယူနိုင်မည် ဖြစ်သည်။ ထို့ပြင် နိုဝင်ဘာ ၂၁ ရက် ၊ နေ့လယ် ၂နာရီမှ စတင်၍ အထူးတန်း လက်မှတ်များကိုသုဝဏ္ဏကွင်း (Gate-2) ၌ လည်းကောင်း၊ ရိုးရိုးတန်း လက်မှတ်များကို သုဝဏ္ဏကွင်း (Gate-8)၌ လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment