မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လုံခြုံရေးဆိုင်ရာ အသိ/သတိ ရှိစေရေးဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လုံခြုံရေးဆိုင်ရာ အသိ/သတိ ရှိစေရေးဟောပြောပွဲ ကျင်းပ


MNP ၊ နိုဝင်ဘာ ၂

မွန်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ လုံခြုံရေးဆိုင်ရာ အသိ/သတိ ရှိစေရေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ KS Hotel ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။


ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်စီးပွားရေးရာဝန်ကြီး နိုင်လယိတမက ဝန်ထမ်းများအနေဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို သိရှိနားလည်သဘောပေါက်၍ လုံခြုံရေး သတိ/ လုံခြုံရေးအသိ စိတ်ဓာတ်ရှိရန်များစွာလိုအပ်ပြီး မိမိတို့၏ရုံးဌာနတစ်ခုလုံး လုံခြုံစိတ်ချစွာ လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် လုံခြုံရေးဝန်ထမ်းများအပြင် ဝန်ထမ်းများအားလုံး လုံခြုံရေးသတိအမြဲရှိစေရန်လိုအပ်ကြောင်း၊ လုံခြုံရေးသည် အထူးအရေးကြီးသည့်အတွက် လုပ်ငန်းတာဝန်များ ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အားလုံးဘေးကင်းလုံခြုံပြီး တိုင်းပြည်တာဝန်များ စိတ်အေးချမ်းသာစွာဖြင့် ဆောင်ရွက် လုပ်ကိုင်သွားနိုင်ရန်အတွက် လုံခြုံရေးဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအားလုံး ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းက ဟောပြောပွဲ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်သန်းမှ လုံခြုံရေးဆိုင်ရာ အသိ/သတိ ရှိစေရေး ဟောပြောပွဲအစီအစဉ်အား ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးဆိုင်ရာ အသိ/သတိရှိစေရေး လက်ကမ်း စာစောင်များကို တက်ရောက်လာသူများအား ဖြန့်ဝေပေးပြီး၊ အမှတ် (၉၀၄) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ လုံခြုံရေးဆိုင်ရာ အသိ/သတိရှိ စေရေး လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့် ပညာပေးဟောပြောခဲ့သည်။


အဆိုပါ လုံခြုံရေးဆိုင်ရာ အသိ/သတိရှိစေရေး ဟောပြောပွဲ အခမ်းအနားတွင် ဝန်ထမ်းများအားလုံး အေးချမ်းပျော်ရွှင်ပြီး လုံခြုံစိတ်ချစွာ လုပ်ငန်းတာဝန်များကို အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်ရန်နှင့် လုံခြုံရေးဆိုင်ရာ နည်းစနစ်များ/နည်းဗျူဟာများကို နားလည်သိရှိပြီး စနစ်တကျ စီမံဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)