ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် KIA/PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် KIA/PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘ အုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်









MNP ၊ နိုဝင်ဘာ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် KIA/PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့တွင် ပြစ်မှုကျူးလွန်ခြင်းမရှိသော KIA/PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော KIA နှင့် PDF အဖွဲ့ဝင် ၁၀ ဦးတို့သည် ၎င်းတို့နှင့်အတူပါလာသည့် AK-47 (၄) လက်၊ KO လက်နက်ငယ် (၂) လက်၊ AK-47 (၄၀) တွဲ (၁) လက်၊ 79 (၂) လက်၊ စနိုက်ပါ (၁) လက်နှင့် ၅.၅၆ ကျည် ၄၅၀ တောင့်၊ ၇.၆၂ စနိုက်ပါကျည် ၁၅၀ တောင့်၊ ၄၀ မမ ဗုံးသီး (၂၉) လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး (၁၆) လုံး၊ ကျည်အိမ်မျိုးစုံ ၂၇ ခုနှင့် ဆက်စပ်ပစ္စည်းများကို အပ်နှံကြရာ တိုင်းမှူးနှင့် တာဝန်ရှိသူများကလက်ခံရယူကြပြီး ထောက်ပံ့ငွေစုစုပေါင်းငွေကျပ် ၁၆၅ သိန်းပေးအပ်သည်။ ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတစ်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများကို ဆက်လက်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


အလားတူ ပြစ်မှုကျူးလွန်ခြင်းမရှိသော ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့မှ PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦးတို့အား အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် သင်္ကန်းညီနောင်တပ်နယ် မြဝတီခန်းမ၌ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်ပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။


ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်းသိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)