MNP ၊ နိုဝင်ဘာ ၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ နိုဝင်ဘာလ ၁ ရက်နေ့ ၁၅၃၀ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၆)ရပ်ကွက်၊ ပုဂံလမ်းတွင် လမ်းလျှောက်လာသူ ဘရွှေ နှင့် မောင်အုန်း တို့အား စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၅၄၀ အချိန် အောင်သူ၊ ခန့်လင်း နှင့် ဇင်မင်းကို တို့အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၆)ရပ်ကွက်လမ်းဆုံအနီးတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁.၃ သိန်း)၊ လက်ကိုင်ဖုန်း ၃ လုံးတို့နှင့် လည်းကောင်း၊ ၁၆၃၀ အချိန် သန်းဝင်းခိုင် အား ၎င်းနေထိုင်သည့် ဒေါပုံမြို့နယ်၊ မြတ်လေးနွယ်(၂)လမ်းရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဘရွှေ(၆၀)နှစ်၊ မောင်အုန်း(၅၉)နှစ်၊ အောင်သူ(၂၉)နှစ်၊ ခန့်လင်း(၂၀)နှစ်၊ ဇင်မင်းကို(၂၀)နှစ် နှင့် သန်းဝင်းခိုင်(၂၂)နှစ်တို့အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment