ရုရှားရေတပ်မှ စစ်ရေယာဉ်များ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်း ဆောင်ရွက်ရန် ရန်ကုန်မြို့သို့ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားရေတပ်မှ စစ်ရေယာဉ်များ ရေကြောင်းလုံခြုံရေးဆိုင်ရာလေ့ကျင့်ခန်း ဆောင်ရွက်ရန် ရန်ကုန်မြို့သို့ရောက်ရှိ



MNP ၊ နိုဝင်ဘာ ၂

ရုရှားရေတပ်မှ ဖျက်သင်္ဘော(Destroyer)များဖြစ်သည့် စစ်ရေယာဉ် Admiral Tributs ၊ Admiral Panteleev နှင့် Sea Tanker Pechenga တို့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သို့ ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး ခရီးလည်ပတ်ရန်အတွက် ယနေ့ညနေ ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိရာ တပ်မတော်(ရေ)မှ အရာရှိ ကြီးများ၊အရာရှိ၊ စစ်သည်များ၊ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Aleksei Anciferov ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၈၀၀ ဦးခန့် လိုက်ပါလာပြီး ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာ လည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် ဆိပ်ကမ်း အခြေပြုလေ့ကျင့်ခန်း (Harbour Phase) ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)