MNP ၊ နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်သို့ ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာသူများအား ယာယီဖွင့်လှစ်သည့် စခန်းများ၌ စနစ်တကျ နေရာချထားပေးပြီး နေရပ်ဒေသအသီးသီးသို့ ပြန်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ယာယီနေရပ်စွန့်ခွာသူများအား တာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲများက နွေးထွေးစွာကြိုဆို၍ “ဝ” စာပေနှင့်ယဉ်ကျေးမှုခန်းမ၊ မိုးလုံလေလုံအားကစားရုံ၊ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းတို့ရှိ ယာယီစခန်းများ၌ စနစ်တကျ နေရာချထားပေးပြီး စားရေးသောက်ရေး၊ နေရေးထိုင်ရေးများကို စီစဉ်ဆောင်ရွက်ပေးကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည့်အပြင် နေရပ်ဒေသအသီးသီးသို့ ပြန်နိုင်ရေးအတွက် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment